Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ပြောင်းဈေးကွက်များ အခြေအနေ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ပြောင်းဈေးကွက်များ အခြေအနေ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

ဥရောပနှင့် အမေရိကန်တို့တွင် မိုးခေါင်မှုများကြောင့် ကမ္ဘာ့ပြောင်းအထွက်နှုန်းအပေါ်  ဆိုးကျိုးသက်ရောက်မှုများ ရှိသော်လည်း တရုတ်နှင့် ယူကရိန်းတွင် ထုတ်လုပ်မှု တိုးမြင့်သည်ဟု သိရပါသည်။ ကမ္ဘာ့ ပြောင်းရောင်းလိုအားဘက်တွင် အသားတင်မြင့်တက်မှုများ ရှိမည်ဟုခန့်မှန်း သော်လည်း ကမ္ဘာ့ဝယ်လိုအား အားကောင်းနေသည့်အတွက် ကမ္ဘာ့ပြောင်းဈေးနှုန်းများ သမိုင်း ဝင်လောက်အောင် ဆက်လက်မြင့်နေနိုင်ပါသည်။

        .

အမေရိကန်  ပြောင်းကြိုရောင်းကြိုဝယ်ဈေးနှုန်းများ (ဒေါ်လာ/ဘူရှယ်)

 .

အမေရိကန်ပို့ကုန်အပေါ် တောင်အမေရိကနှင့် ပင်လယ်နက်တို့မှ ဖိအားကြောင့် ဝယ်လို အားကျဆင်းလာရာ၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ချီကာဂိုဈေးကွက်၌  ပြောင်းဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကာ၊ (၀.၆) ရာခိုင်နှုန်းကျဆင်း၍  တစ်ဘူရှှယ်လျှင် အမေရိကန်ဒေါ်လာ (၆.၇၃) ရှိခဲ့ပါသည်။ အမေရိကန်တွင် ထုတ်လုပ်မှုကျ ဆင်းသောကြောင့် ပြောင်းတင်ပို့မှုမှ ရရှိမည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၀.၁) ဘီလီယံကျဆင်း၍ ဒေါ်လာ (၁၉.၁) ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။ အမေရိကန်ပြောင်းနှင့် အပြိုင်ဖြစ်သည့် တောင်အမေရိကဘက်မှ  ပြောင်း ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုမှာ နောက်နှစ်သီးနှံရာသီတွင် တိုးမြင့်လိမ့်မည်ဟု ခန့်မှန်းချက်များ ရှိပါသည်။

.

အာဂျင်တီးနားရှိ ပြောင်းလက်ကားဈေးနှုန်းများ (ဒေါ်လာ/မက်ထရစ်တန်)

        .

အာဂျင်တီးနားပြောင်း၏ လက်ကားဈေးနှုန်းမှာ ယခုနှစ်၊ ဇန်နဝါရီလတွင် မြင့်တက်ခဲ့ပြီး၊ ဧပြီလတွင် (၁၁၉.၇) ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့ကာ၊ တစ်ကီလိုဂရမ်လျှင်  အမေရိကန်ဒေါ်လာ (၁.၄၅) ဒေါ်လာသို့ ရောက်ရှိခဲ့ပါသည်။ စက်တင်ဘာလတွင် တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ (၁.၈၁) ဒေါ်လာ ရှိလာပါသည်။ ထုတ်လုပ်မှုစရိတ်မြင့်မားလာခြင်း၊ ကမ္ဘာ့ဝယ်လိုအား တိုးမြင့်လာ ခြင်းတို့ကြောင့် အာဂျင်တီးနားတွင် ဈေးနှုန်းများ ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းထားပါ သည်။

.

ဘရာဇီးလ်ရှိ ပြောင်းလက်ကားဈေးနှုန်းများ (ဒေါ်လာ/မက်ထရစ်တန်)

.        

ဘရာဇီးလ်နိုင်ငံ၏ လေလံမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄)ဒေါ်လာ တက်လာကာ (၂၉၄) ဒေါ်လာသို့ ရောက်ရှိခဲ့ပါသည်။ ဩဂုတ်လအတွင်း ဘရာဇီးလ်ပို့ကုန်မှာ မက် ထရစ်တန်ချိန် (၇.၆)သန်းရှိခဲ့ပါသည်။ ယခုနှစ်  နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုရာ၌ R$  ၀.၀၄ ပိုမိုလာပြီး၊ R$ (၈၉.၄၇) ရှိခဲ့ပါသည်။

Source Market Information Service- DOP- MOALI

#FoodIndustryGuide

Join Telegram Channel  

https://t.me/Guid4U

 

 အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

FIG

 

 

Read times Last modified on Monday, 03 October 2022 17:55
Rate this item
(0 votes)