Food & Livestock
ရန်ကုန်မြို့ ဘုရင့်နောင်နှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်များ ရက်သတ္တပတ်တစ်ပတ်လျှင် ၃ ရက်သာ ဖွင့်လှစ်မည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) Stay at Home နေထိုင်ရန်နှင့် ကုမ္ပဏီအဖွဲ့စည်းများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ဆန်စပါးကြိတ်ခွဲ သိုလှောင်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းသည် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းဖြစ်သဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်တွင် တတ်နိုင်သမျှ လူဦးရေအနည်းဆုံးဖြင့် ကျန်းမာရေးဆိုင်ရာ အသိသတိထား၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ ဆန်အဓိကရောင်းဝယ်ရာ နေရာဖြစ်သည့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ဆိပ်ကမ်းမြို့နယ်ရှိ ဝါးတန်း ဆန်ကုန်စည်ဒိုင်များကို ရက်သတ္တပတ်တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင်သာ နံနက် ၆ နာရီခွဲမှ နံနက် ၁၀ နာရီအထိ ဖွင့်လှစ်မည်ဖြစ်သည်။
ဆန်လက်လီအရောင်းဆိုင်များ၊ စားသုံးသူပြည်သူများအနေဖြင့် ဆန်ဝယ်ယူရန် လိုအပ်ပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရမည့် အီးမေးလ်နှင့် ဖုန်းနံပါတ်များမှာ This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it. နှင့် ဖုန်း ၀၉-၆၉၄၃၈၆၉၉၄၊ ၀၉-၆၉၄၃၈၆၉၉၅၊ ၀၉-၆၉၄၃၈၆၉၉၆ နှင့် ၀၉-၅၃၉၄၁၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Myanmar Digital News



