Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အုန်းသီးထွက်နှုန်း ကျလာသဖြင့် ပြည်ပမှ ပြန်လည်တင်သွင်းနိုင်ဟုဆို

အုန်းသီးထွက်နှုန်း ကျလာသဖြင့် ပြည်ပမှ ပြန်လည်တင်သွင်းနိုင်ဟုဆို google.com

မြန်မာနိုင်ငံတွင် ၂၀၁၁ ကစ၍ အုန်းသီးအထွက်နှုန်း ကျ ဆင်းလာပြီး ပြည်တွင်းအုန်းသီး လိုအပ်ချက် ပြည့်မီရန်

ခက်ခဲလာ နိုင်၍ ပြည်ပနိုင်ငံများက  ပြန်လည်တင်သွင်းသည့် အခြေအနေဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

 

အုန်းပင်များကို ပြုပြင်ထိန်း သိမ်းမှုမရှိခြင်း၊ ပိုးမွှားကျရောက်မှုကို မကာကွယ်ခြင်းတို့အပြင် အုန်းပင်များကို ခုတ်လှဲ၍ မြေယာပြုပြင်ခြင်းတို့ကြောင့် အုန်းသီးအ ထွက်နှုန်း လျော့ကျလာကြောင်း ၎င်းက ဆိုသည်။

 

၂၀၁၁ က မြန်မာနိုင်ငံတွင် အုန်းသီးအလုံးရေ သိန်း ၆,၀၀၀ ကျော် ထွက်ခဲ့ပြီး ထွက်နှုန်းကျဆင်းလာရာမှ ၂၀၁၈ တွင် အုန်းသီးအလုံးရေ သိန်းလေးထောင့်ရှစ်ရာကျော်သာ ထွက်တော့ကြောင်း ၎င်းက ဆိုသည်။

 

‘‘သူများနိုင်ငံတွေက အုန်းသီးတင်ပို့ရောင်းချရတာကြောင့် ကျပ်ဘီလီယံနဲ့ချီပြီး ဝင်ငွေရနေ ပြီ။ ကျွန်တော်တို့က တင်ပို့ရောင်းချဖို့က မဖြစ်နိုင်သေးဘူး။ ဒီတိုင်း ဆက်သွားရင် သူများဆီကတောင်ပြန်သွင်းရလိမ့်မယ်။ ကျွန်တော်တို့က နောက်ကျကျန်ခဲ့တဲ့ အနေအထားဖြစ်နေပါပြီ’’ ဟု ဦးမျိုး အောင်ကဆိုသည်။

 

မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် အုန်းပင်များ၌ ပိုးတစ်မျိုး ကျရောက်မှုကြောင့် အုန်းလက်များ ခြောက်သွေ့ပျက်စီး ကာ အုန်းသီးဆက်မသီးတော့သည့် အဖြစ်များ မြင်နေရကြောင်း ၎င်းက ဆိုသည်။

 

အုန်းသီးက ရရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို လူအများ ပိုမိုသိရှိလာ၍ အုန်းသီး အသုံးပြုမှုနှုန်း ပိုမိုမြင့်မားလာနိုင်ကြောင်း ဦးမျိုးအောင်က ပြောသည်။

 

ရန်ကုန်၊ တနင်္သာရီ၊ မွန်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် အုန်းသီးအစုအဖွဲ့ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို အုန်းပင်ထိန်းသိမ်းရန်နှင့် အုန်းသီးကရရှိသည့် အကျိုးကျေးဇူးများ သိရှိနိုင်ရန် သင်တန်းများပေးနေကြောင်း  ၎င်းက ဆိုသည်။

 

လက်ရှိတွင် အုန်းသီးတစ်လုံးလျှင် ကျပ် ၆၀၀ မှ ကျပ် ၈၀၀ အထိ ပေါက်ဈေးရှိနေပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် တစ်လုံးလျှင် ကျပ် ၁,၀၀၀ ခန့်အထိ ဈေးတက်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အုန်းပင် စိုက်ပျိုးထားသည့် မြေဧကတစ် သိန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ အုန်းပင်အစုအဖွဲ့မှတ်တမ်းများ ၌ ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:22
Rate this item
(2 votes)