Food & Livestock



စားအုန်းဆီ ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ တနင်္လာနေ့ စတင်ရောင်းချ ပေးသွားမည်

စားအုန်းဆီ  ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ တနင်္လာနေ့ စတင်ရောင်းချ ပေးသွားမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

 ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၆ရက် (စနေနေ့)တွင်ဘုရင့်နောင် ကုန်စည်ဒိုင်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဌနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် စားအုန်းဆီ(In Bulk) တင်သွင်းသော ကုမ္ပဏီများ၊ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးများနှင့်ရန်ကုန်မြို့ပေါ်ရှိ လက်လီလက်ကား ဆီကုန်သည်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ 

 အစည်းအဝေးတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ 

●  ဈေးကွက်အတွင်း စားအုန်းဆီဈေးများလွန်ကဲစွာ မြင့်တက်လျှက်ရှိကြောင်း၊ 

●  စားအုန်းဆီများ တင်သွင်းရာတွင် ကျသင့်သည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ၏ ၅၀ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ကျပ် ဈေးဖြင့်ရောင်းချပေးထားပြီး ကျန် ၅၀ရာခိုင် နှုန်း ကိုလည်း တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချပေး ထား ကြောင်း ၊ 

● သို့ဖြစ်၍ စားသုံးဆီတင်သွင်းသောကုမ္ပဏီများသည် ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် ရန်ကုန် မြို့ ရှိ စားသုံးဆီ အရောင်းဆိုင်အသီးသီးသို့   သတ်မှတ်ထားသော လက်ကားရည်ညွှန်းဈေးဖြင့် တိုက်ရိုက်ရောင်းချပေးရန် အသင်းမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ 

●  အခြားသော လက်လီ လက်ကား ကုန်သည်များကလည်း အဆင့် ဆင့် အမြတ်များစွာမယူပဲရောင်းချပေးရန် တာဝန်ရှိကြောင်း၊ စားသုံးဆီများ ဈေးမြင့်တက်ခြင်း သည် စားသုံး ဆီ ကဏ္ဍတွင် ပါဝင်သောဆီလုပ်ငန်းရှင်အားလုံးတွင် တာဝန်ရှိကြောင်း၊ 

● သို့ဖြစ်၍ စားအုန်းဆီဈေး များကို မြင့် တက်မှု မရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လက်ကားရည်ညွှန်းဈေး အနီးတွင်သာရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း 

● ကုမ္ပဏီအသီးသီးကဈေးကွက်တွင် ဝယ်ယူရန်အခက်အခဲဖြစ်နေသည့် ဘုရင့်နောင်၊ ညောင်ပင်လေး ဈေး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလက်လီလက်ကားကုန်သည်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့   လက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်း

 ရှင်းလင်းပြောကြားပါသည်။  

 

စားသုံးဆီ အများပိုင်ကုမ္ပဏီက လက်ကျန်ရှိ စားအုန်းဆီတန်ချိန်  ၄၇၁တန် (၂၆၂၂ပေပါ)၊ ပိဿာအားဖြင့် ၂၈၈၄၃၅ပိဿာကို လက်ကားရည် ညွှန်းဈေးဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း၊ Ideal Business Success Co; Ltd. Thein Than Yadana Co; Ltdနှင့် Jewel Arrow Co; Ltdတို့ကလည်း လက်ကျန်တန်ချိန်အားလုံးကိုရောင်း ချပေးမည်ဖြစ်ကြောင်း၊ တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ရောင်းချထုတ်ပေးရမည့် အရေအတွက်ကို ကုမ္ပဏီများက ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

အထွေထွေ အတွင်းရေး မှူး ဦးပိုင်ဖြိုးသန့်မှ 

●  ဆီကုမ္ပဏီများက လက်လီလက်ကားကုန်သည် များသို့ လက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည့်အစီအစဉ်၊ 

● လက်လီလက်ကားကုန်သည်များက ဝယ်ယူရရှိ သည့်ဆီကို အထွေထွေကုန်ကျစရိတ်နှင့် အသားတင်အမြတ်ငွေ ၂ရာခိုင်နှုန်း သာပေါင်းစပ်ပြီးရောင်းချရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။ 

 

ဆီတင်သွင်းသော ကုမ္ပဏီများက ယနေ့နှင့် တနင်္လာ၊ အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့များတွင် ရောင်းချမည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာတွင် 

 

● Ayeyar Hinthar Trading Co; Ltd က ၃ရက်အတွက် တန်ချိန် ၅၃၄တန်(၂၉၇၂ပေပါ) ပိဿာအားဖြင့် ၃၂၇၀၁၆ပိဿာကိုလည်း ကောင်း၊ 

 

● Diamond Dragon Co; Ltd က ၁၉၂ တန်(၁၀၆၈ပေပါ)ပိဿာအားဖြင့်၁၁၇၅၇၈ပိဿာကိုလည်း ကောင်း၊

 

● Thein Than Yadana Co; Ltd က ၆၆တန်(၃၆၇ပေပါ)ပိဿာအားဖြင့် ၄၀၄၁၇ပိဿာကိုလည်း ကောင်း၊ 

 

● Jewel Arrow Co; Ltdကတန်ချိန် ၆၃တန်(၃၅၀ပေပါ) ပိဿာအားဖြင့် ၃၈၅၈၀ ပိဿာကိုလည်းကောင်း၊ 

 

● Myanmar Edible Oil Ind; Public Co; Ltd. ကတန်၂၄၃ တန်(၁၃၅၂ပေပါ) ပိဿာအားဖြင့် ၁၄၈၈၁၀ပိဿာကိုလည်းကောင်း၊ 

 

● Grand Unity Co; Ltd က တန်ချိန် ၄၉၂တန်(၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ 

 

● First Top Edible Oil Co; Ltd က တန်ချိန် ၄၉၂တန် (၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ 

 

● Aung Thapyay Khaing Trading Co; Ltd က တန်ချိန် ၅၀.၇တန်(၂၈၂ပေပါ) ပိဿာအားဖြင့် ၃၁၀၄၈ပိဿာ ကိုလည်းကောင်း၊ 

 

● Global Good Pure Group Co; Ltd က ၅၁တန်(၂၈၃ပေပါ) ပိဿာအားဖြင့် ၃၁၂၃၁ပိဿာကိုလည်းကောင်း၊ 

 

● Wilmar Myanmar Edible Oil Co; Ltd ကတန်ချိန်၃၂၁ တန်( ၁၇၈၇ပေပါ) ပိဿာအားဖြင့် ၁၉၆၅၇၇ပိဿာကိုလည်းကောင်း၊ 

 

● Zabu Kan Tun Trading Co; Ltd က တန်ချိန်၃၅.၇တန် (၁၉၈ပေပါ)၊ပိဿာအားဖြင့် ၂၁၈၆၂ပိဿာ ကို လည်း ကောင်း၊ 

 

● Resource Group Trading Co; Ltdက တန်ချိန် ၁၀၅တန် (၅၈၄ပေပါ)၊ ပိဿာအားဖြင့် ၆၄၃၀၀ ပိဿာ ကိုလည်းကောင်း၊ 

 

● Ideal Business Success Co; Ltd. က တန်ချိန် ၃၆တန်(၂၀၀ပေပါ)ပိဿာအားဖြင့် ၂၂၀၄၆ပိဿာကိုလည်းကောင်း၊ 

 

● Yadanabon Global Network Distribution Co; Ltd ကတန်ချိန် ၁၀၂တန် (၅၆၇ပေပါ)ပိဿာအားဖြင့် ၆၂၄၆၃ပိဿာကိုလည်းကောင်း 

အသီးသီး ရောင်းချသွားမည် ဖြစ်ပါသည်။ 

 

စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများတွင် အများဆုံးတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီကြီးဖြစ်သော  Six Winner Brother Co Ltd ကမူ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း ၏ အစီအစဉ်ဖြစ်သော လက်လီလက်ကားကုန်သည်များသို့ လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချမည့် ယခု အစီ အစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ကုမ္ပဏီရှိ ဆီလက်ကျန် တန်ချိန် ၃၃၆၈.၅၆၁ တန် (၁၈၇၅၃ပေပါ) ပိသာအားဖြင့် ၂,၀၆၂,၈၇၃ ပိဿာ အားလုံးကို မိမိကုမ္ပဏီ အစီအစဉ်ဖြင့် သာရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

     

● ၂၈.၈.၂၀၂၃မှ ၃၀.၈.၂၀၂၃ အထိ ၃ရက်စာ တန်ချိန်၂၇၈၃.၄တန်(ပေပါအားဖြင့် ၁၅၄၉၅ပေပါ) ပိဿာအားဖြင့် ၁,၇၀၄,၅၂၆ ပိဿာကို တနင်္လာနေ့မှစတင်ရောင်းချ ပေးသွားမည်ဖြစ်ပါသည်။

 

●  ရောင်းချသည့် ကုန်သည်များဈေးဆိုင်များ အနေဖြင် ့်လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေစရိတ်နှင့် အသားတင် အမြတ် ၂ရာခိုင်နှုန်းကိုသာပေါင်း၍ရောင်းချရမည်ဖြစ်ပါသည်။ 

 

● စားသုံးသူလက်ဝယ်သို့ရောက်ချိန်အထိ အဆင့်ဆင့် ရောင်းချသည့်တိုင်အောင်အသားတင်အမြတ်ငွေ၁၀ရာခိုင်နှုန်းထက်ကျော်လွန်ရောင်းချခြင်း မပြုရန်ဖြစ်ကြောင်း၊ ရောင်းချသည့်အခါတွင် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် ဈေးနှုန်းများကိုရောင်းချပေးရန်ဖြစ်ကြောင်း  ရှင်းလင်း ဆွေးနွေးသွား ပါသည်။  

       

 

 မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 26 August 2023 23:53
Rate this item
(0 votes)