Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်က မြန်မာမှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ဝယ်ယူရန် ကမ်းလှမ်း

အရည်အသွေးမြင့် ပဲမျိုးစုံအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ ဝယ်ယူလိုသည်ဟု ဗီယက်နမ်နိုင်ငံက ကမ်း လှမ်းထားကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးတိုး အောင်မြင့်က ပြောသည်။

 

ဗီယက်နမ်နိုင်ငံက ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန် များ ပိုမိုဝယ်ယူပေးရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဗီယက်နမ်ကုန် သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားသည်ဟု ၎င်းက ဆိုသည်။ ‘‘ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီးကလည်း အရည်အသွေး ကောင်းတဲ့ ပစ္စည်းဆိုရင် အားလုံးယူမယ်လို့ပြောတယ်’’ဟု အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ပြောသည်။

 

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ များသို့ ရောင်းချနေသည့် ပဲတီ စိမ်းစုစုပေါင်းပမာဏ၏ ၈ ရာခိုင် နှုန်းခန့်ကို ဗီယက်နမ်က ဝယ်ယူနေပြီး လက်ရှိ ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံက ပဲတင်သွင်း ကန့်သတ်မှုကို ကုစားနိုင်ရန် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံချိန်၌ ပြည်ထောင်စုဝန် ကြီး ဦးသန်းမြင့်က ပြောကြားခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

 

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု ကန့်သတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် မတ်ပဲနှင့်ပဲစင်းငုံ တန်ချိန် သိန်းချီကျန်ရှိနေချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်အသစ်များရရှိအောင် ရှာဖွေနေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များအတွက် နိုင်ငံခြား ဈေးကွက်ရှာဖွေရာတွင် အရည် အသွေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကျန်မှုက အဓိကစိန်ခေါ်မှု ဖြစ်နေကြောင်း ၂၀၁၇ မေလက ပြုလုပ်သော MAPCO Golden Lace ဆန်စက်ဖွင့်ပွဲနှင့် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း ၂၀၁၇ မိုးရာသီအကျိုးတူ ကန်ထရိုက် လယ်ယာစနစ် စတင်ဆောင်ရွက်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

 

လက်ရှိ မြန်မာ့လယ်ယာ ထွက်ကုန်ဈေးကွက်ချဲ့ထွင်ရာ၌ အရေးကြီးသည့် ပြင်ဆင်ချက်များတွင် အရည်အသွေးကောင်း ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်ရှိမှု လျှော့ချနိုင်ရေးဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။

 

အရည်အသွေးမြင့် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရန် လယ်သမားများ၏ လိုအပ်ချက်သည် မျိုးကောင်းမျိုး သန့်ရရှိရေး၊ စိုက်ပျိုးသီးနှံများ ထွက်ရှိချိန်၌ ကုန်သည်များက ဈေးနှုန်းတစ်မျိုးတည်းမဟုတ်ဘဲ အရည်အသွေးပေါ်မူတည်၍ ခွဲခြားသတ်မှတ်ပေးနိုင်ရန် လိုအပ်သည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်ကပြောသည်။

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က မြန်မာ့လယ် ယာထွက်ကုန်များ ဝယ်ယူတင်သွင်းရာတွင် အရည်အသွေးပိုင်း စိစစ်မှုအားနည်းသည်။ အိန္ဒိယက မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်သွင်း ရာတွင် အရည်အသွေးသတ်မှတ်ချက်မရှိခြင်း၊ တရုတ်နိုင်ငံကလည်း ဆန်၊ ပြောင်း စသည်တို့ကို နေ့စဉ် တန်ချိန်များစွာ အရည်အသွေးစိစစ်မှုမရှိဘဲ နယ်စပ်မှ ဝယ်ယူနေသည်။

Read times Last modified on Tuesday, 18 September 2018 15:18
Rate this item
(1 Vote)