Food & Livestock
ဒေသထွက် ဖရဲသီးများ အရောင်းအဝယ် ကောင်းလာသဖြင့် ဖရဲသီး စိုက်ပျိုးသူ များပြား
*** Unicode ***
ဒေသထွက် ဖရဲသီးများ အရောင်းအဝယ် ကောင်းလာသဖြင့် ဖရဲသီး စိုက်ပျိုးသူ များပြား
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့၌ ဒေသထွက် ဖရဲသီးများ ဝယ်ယူသူများ၍ စျေးကောင်းရရှိသဖြင့် ဖရဲသီးပင်များ စိုက်ပျိုးသူ များပြားလာကြောင်း ဖရဲသီးပင် စိုက်ပျိုးသူများထံမှ သိရသည်။
ပြီးခဲ့သည့်မိုးရာသီ၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပျက်စီးခဲ့သဖြင့် စိုက်ပျိုးရာသီနောက်ကျခဲ့ပြီး ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သော ဖရဲသီးများကို ဦးစားပေးစိုက်ပျိုးရာ ဒေသထွက် ဖရဲသီးများ ဝယ်ယူသူများလာပြီး စျေးကောင်း ရရှိနေခြင်းကြောင့် ဖရဲသီးအပင်များ စိုက်ပျိုးသူ များပြားလာခြင်းဖြစ်ကြောင်း ဖရဲစိုက် တောင်သူများထံမှ သိရသည်။
ဖရဲသီးစိုက်ပျိုးမှု မြင့်တက်နေသော်လည်း မိုးများသောကြောင့် ယခင်လထက် တစ်လနောက်ကျပြီးမှ စိုက်ပျိုးခဲ့ရာ ဖရဲသီးအထွက် တစ်လနောက်ကျသဖြင့် စျေးနှုန်းလည်း ယခင်နှစ်ထက် အနည်းငယ် လျော့နိုင်ကြောင်း၊ မြိတ်စျေးကွက်သို့ အခြားတိုင်းဒေသကြီးမှ ဖရဲသီးများဝင်လာခြင်း မရှိပါက ဒေသထွက်ဖရဲသီးများ စျေးကောင်းရနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဖရဲသီးစျေးကွက်တွင် တစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိ စျေးနှုန်းကောင်းခဲ့ကြောင်း သိရသည်။
Read More >>>>> ကြက်ဥဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ် ပြန်တက်လာ
''ဖရဲသီးစိုက်ပျိုးသူတွေက မနှစ်ကထက် ဒီနှစ်မှာ ပိုများလာတယ်။ဒီနှစ်မှာ ရေကြီးရေလျှံမှုဖြစ်ခဲ့လို့ စပါးစိုက်ခင်းတွေ ပျက်စီးသွားတော့ စပါးပြန်မစိုက်နိုင်တော့ဘဲ ရာသီပေါ်သီးနှံဖရဲသီးကိုပဲ ဦးစားပေး စိုက်ပျိုးလာကြတယ်။ ဖရဲသီးကလည်း ဘယ်လောက်ထွက်ထွက် ပူစရာမလိုဘူး။ စျေးကောင်း ရနေတယ်ဆိုတော့ စိုက်ပျိုးသူများတယ်'' ဟု တနင်္သာရီမြို့နယ် မော်တုံးကျေးရွာ ဖရဲစိုက်တောင်သူ ဦးတင်ဌေးက ပြောသည်။
ယင်းဖရဲသီးများကို တနင်္သာရီမြို့နယ်၌ နှစ်စဉ်ဇူလိုင်လတွင် စိုက်ပျိုးခြင်းဖြစ်ပြီး စက်တင်ဘာလကုန်၌ ခူးဆွတ်ကြောင်း သိရသည်။
ယခုနှစ်တွင် စက်တင်ဘာလ၌သာ စတင်စိုက်ပျိုးခဲ့ရသဖြင့် နိုဝင်ဘာ လဆန်းပိုင်းတွင်သာ ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
တနင်္သာရီမြို့နယ် အရှေ့မော်တုန်း ကျေးရွာ၌ ဖရဲသီးပင်စိုက်ပျိုးသူ ၁ဝ ဦးသာ ရှိပြီး ယခုနှစ်တွင် ဖရဲသီးစိုက်ပျိုးသူ ၃ဝ နီးပါးရှိသည်။ဖရဲသီးကို တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာ၌ အဓိက အများဆုံးစိုက်ပျိုးပြီး အခြားကျေးရွာ၌ အနည်းငယ်သာ စိုက်ပျိုးကြကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
Source: Myawady
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့၌ ဒေသထွက် ဖရဲသီးများ ဝယ်ယူသူများ၍ ဈေးကောင်းရရှိသဖြင့် ဖရဲသီးပင်များ စိုက်ပျိုးသူ များပြားလာကြောင်း ဖရဲသီးပင် စိုက်ပျိုးသူများထံမှ သိရသည်။
ပြီးခဲ့သည့်မိုးရာသီ၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပျက်စီးခဲ့သဖြင့် စိုက်ပျိုးရာသီနောက်ကျခဲ့ပြီး ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သော ဖရဲသီးများကို ဦးစားပေးစိုက်ပျိုးရာ ဒေသထွက် ဖရဲသီးများ ဝယ်ယူသူများလာပြီး ဈေးကောင်း ရရှိနေခြင်းကြောင့် ဖရဲသီးအပင်များ စိုက်ပျိုးသူ များပြားလာခြင်းဖြစ်ကြောင်း ဖရဲစိုက် တောင်သူများထံမှ သိရသည်။
ဖရဲသီးစိုက်ပျိုးမှု မြင့်တက်နေသော်လည်း မိုးများသောကြောင့် ယခင်လထက် တစ်လနောက်ကျပြီးမှ စိုက်ပျိုးခဲ့ရာ ဖရဲသီးအထွက် တစ်လနောက်ကျသဖြင့် ဈေးနှုန်းလည်း ယခင်နှစ်ထက် အနည်းငယ် လျော့နိုင်ကြောင်း၊ မြိတ်ဈေးကွက်သို့ အခြားတိုင်းဒေသကြီးမှ ဖရဲသီးများဝင်လာခြင်း မရှိပါက ဒေသထွက်ဖရဲသီးများ ဈေးကောင်းရနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဖရဲသီးဈေးကွက်တွင် တစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိ ဈေးနှုန်းကောင်းခဲ့ကြောင်း သိရသည်။
Source: Myawady