Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့စျေးကွက်တွင် အိန္ဒိယကြက်သွန်ဝယ်လိုအားကျဆင်း

အိန္ဒိယဖက်ဒရယ် အစိုးရသည်စက်တင်ဘာလ ၁၄ ရက်နေ့က ချမှတ်ခဲ့သော ကြက်သွန်တင်ပို့မှု့ တားမြစ်ချက်ကို ရုပ်သိမ်းခဲ့သော်လည်း အခြားသော ပြိုင်ဘက်နိုင်ငံများက ကမ္ဘာ့စျေးကွက်တွင် အိန္ဒိယမှ ပို့ကုန်တင်ပို့မှု့ မရှိခြင်းကို အခွင့်ကောင်းယူကာ ကြက်သွန်တင်သွင်းသော နိုင်ငံများ၏ ၀ယ်လိုအားကို ဝေစု ရယူထားကြသည်။

 

ချန်နိုင်းအခြေစိုက်စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့သည့်ကုမ္ပဏီ Rajathi Group ၏ဒါရိုက်တာ Madran Prakash က “ အိန္ဒိယမှ ၀ယ်ယူသောနိုင်ငံများက တူရကီ၊ အီဂျစ်နဲ့ ဟောလန်နိုင်ငံတို့လို ပြိုင်ဘက်နိုင်ငံတွေရဲ့ တင်ပို့မှု့ကြောင့် ယခုအခါ ကြက်သွန်သွင်းကုန်များ ပိုလျှံလျှက်ရှိပါတယ်။

 

အစိုးရက ပို့ကုန်ပိတ်ပင်ထားမှုကို ရုပ်သိမ်းလိုက်သည့် မတိုင်မီလွန်ခဲ့သောဆယ်ရက်က ကြက်သွန်စျေးကျ၍ စျေးကွက်ကောင်းခဲ့ပါတယ်။ အိန္ဒိယကြက်သွန်နီကို အဓိကဝယ်ယူသူများထဲမှ တစ်ခုဖြစ်သော သီရိလင်္ကာတွင် ပြိုင်ဘက်နိုင်ငံမှ တင်ပို့လိုက်သော ကြက်သွန်နီပါတဲ့ကွန်တိန်နာပေါင်း ၇၀၀ ကျော်ရှိပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံတွင်လည်း ကွန်တိန်နာပေါင်း ၂,၀၀၀ ခန့်ရှိတယ်" ဟု ပြောကြားခဲ့သည်။

 

Nashik District Onion Traders Association ဥက္ကဋ္ဌ Sohanlal Bhandariကလည်း တင်ပို့မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းပြောကြားခဲ့ပါတယ်။ ကုန်သွယ်ရေးသတင်းများအရ ကမ္ဘာ့ကြက်သွန်နီဈေးကွက်တွင် အိန္ဒိယ မရှိခဲ့ခြင်းက ကြက်သွန်နှင့် မပတ်သက်ခဲ့သော သွင်းကုန်လုပ်ငန်းများပါ ကြက်သွန်ကို တင်သွင်းလာကြသည်ကို တွေ့ရသည်။

 

Ref-freshplaza

Read times Last modified on Monday, 11 January 2021 14:09
Rate this item
(0 votes)