Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတုနှင့် လုပ်သား ရှားပါးမှုကြောင့် လက်ဖက်အထွက်နှုန်း ၃ဝ ရာခိုင်နှုန်း ကျဆင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်၌ ယခုနှစ် လက်ဖက်ရာသီတွင် ရာသီ ဥတုနှင့် လုပ်သားရှားပါးမှုကြောင့် လက်ဖက်အထွက်နှုန်း ၃ဝ ရာခိုင်နှုန်း ကျဆင်းကြောင်း ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း   အတွင်းရေးမှူး ဦးဇော်ညွန့်၏ ပြောကြားချက်အရ သိရသည်။

 

နမ့်ဆန်မြို့နယ်သို့ အညာဒေသနှင့် တခြား မြို့နယ်တို့မှ လုပ်သားအများဆုံး လာရောက် လုပ်ကိုင်လေ့ရှိရာ ယခုနှစ်တွင် လုပ်သား လာရောက်မှု နည်းပါးသည့်အပြင် ပြီးခဲ့သည့် နှစ်များက လက်ဖက်ဈေးနှုန်း ကျဆင်းသဖြင့် လက်ဖက်စိုက်ပျိုးသူ တချို့မှာလည်း မလေးရှား၊ ထိုင်း စသည့်နိုင်ငံတို့သို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများ ရှိလာသောကြောင့်    အထွက်နှုန်း လျော့နည်းလာခြင်းဖြစ်သည်။

 

''စိုက်ပျိုးရေးအခြေအနေက   ကောင်းပေမယ့် ဒီနှစ် လုပ်သား ရှားပါးတာနဲ့ ရာသီ ဥတုမမှန်တာကြောင့် အထွက်နှုန်းနည်းသွား တယ်'' ဟု ဦးဇော်ညွန့် ကပြောသည်။

 

အဆိုပါမြို့နယ်၌ လက်ဖက်ခူးဆွတ်ရာတွင်  ခုတ်ပင်နှင့်  မခုတ်ရသည့်အပင် ဟူ၍ ခူးရက်ကွာခြားလေ့ရှိပြီး  ခူးချိန်  ရက်  ၂ဝ အထိကြာမြင့်ကာ  ရက်  ၂ဝ  ကျော်လျှင် အရွက်ကြမ်း သွားကြောင်းနှင့် ပျမ်းမျှအားဖြင့် မတ်  ၁ဝ ရက်မှ  မေ  ၁၅  ရက်အထိ လက်ဖက်ခူးလေ့ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်က လက်ဖက်စိမ်းဆွတ်ခူးခမှာ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ သာရှိ သော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ အထိဈေးနှုန်း ရှိလာကြောင်း သိရသည်။

 

ရှမ်းပြည်နယ်  (မြောက်ပိုင်း)  နမ့်ဆန်မြို့နယ်၌ လက်ဖက်ကို အဓိကထားစိုက်ပျိုးပြီး  ဧကငါးသောင်းကျော်  စိုက်ပျိုးလျက်ရှိသည်။

 

မြန်မာနိုင်ငံမှထွက်ရှိသော   လက်ဖက်သည် ဓာတ်မြေသြဇာ သုံးစွဲမှုမရှိသဖြင့် ပြည်ပ နိုင်ငံများက  ကြိုက်နှစ်သက်မှု ရှိသည့်အပြင် လုပ်သားများအား   အလုပ်အကိုင် အခွင့် အလမ်းများ ပေးနိုင်ကြောင်း သိရသည်။


Source: Myawaddy

Read times Last modified on Thursday, 23 May 2019 11:20
Rate this item
(1 Vote)