Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကဏန်းဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်း

Unicode

ကဏန်းဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်း

တရုတ်နိုင်ငံသို့ ကဏန်းမတင်ပို့နိုင်သောကြောင့် ရန်ကုန်မြို့ရှိ ကဏန်းဈေးကွက်အတွင်း ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းလာကြောင်း   ရန်ကုန်ကဏန်းဈေးကွက် အတွင်းမှ သိရပါတယ်။

 

ရန်ကုန်ကဏန်းဈေးကွက်က ပြည်ပသို့ တင်ပို့နေတဲ့  အဓိက ဈေးကွက်ဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများမှ လာရောက် ရောင်းချသော ကဏန်းများကို စုဆောင်း၍ အဓိကအနေဖြင့်  တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Bakeries (566)မုန္႔ဖုတ္လုပ္ငန္းမ်ား (၅၆၆) ခုကိုရွာရန္ႏွိပ္ပါ။


 

လက်ရှိတွင်  ပြည်ပသို့တင်ပို့ခွင့် မရရှိသဖြင့် ပြည်တွင်း စားသောက်ဆိုင်များကို ပြန်လည်ရောင်းချနေရကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့စဉ်က  ကဏန်းတစ်ကောင်လျှင် အလေးချိန်အလိုက် ငွေကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အထိ ဈေးရရှိသော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကျပ် ၅၀၀၀ ခန့်ဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်းနှင့် လက်ရှိတွင် ပုံမှန်တင်ပို့နိုင်ရေး အတွက် ခက်ခဲနေသဖြင့် ပြည်တွင်းဈေးကွက်ကို  အားထားနေရကြောင်း သိရပါတယ်။

 

ပုံမှန်အချိန်များတွင် တရုတ်နိုင်ငံဈေးကွက်သို့ နေ့စဉ် ၃၃ ကီလိုဂရမ်ရှိ ကဏန်း ဖော့ဘူးပေါင်း ၇၀၀ မှ ၁၅၀၀ ခန့်အထိ တင်ပို့ရောင်းချရကြောင်း၊    လက်ရှိတွင် ဈေးကွက်  လုံး၀ ရပ်ဆိုင်းသွားခြင်းကြောင့် ကဏန်းဒိုင်များသာမက ကဏန်းမွေးမြူ ထုတ်လုပ်သည့် လုပ်ငန်းများပါ နစ်နာဆုံးရှုံး မှုများရှိနေကြောင်း သိရပါတယ်။

 

Read More >>>>> ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချောက်ကလက်ပြုလုပ်လိုက်ကြရအောင်

 

ယင်းအတွက် ဈေးကွက် ပုံမှန်ပြန်လည်ရရှိရေး   မျှော်မှန်းထားပြီး တရုတ်နိုင်ငံ ဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်နေတဲ့  ရေထွက်ကုန် လုပ်ငန်းအများစုကလည်း   ရပ်ဆိုင်းထားရကြောင်း၊ ကဏန်းများကို ရန်ကုန်မြို့ရှိ   ဒိုင်များမှ တင်ပို့ရာတွင်  ကဏန်းတစ်ကောင်လျှင် ၁၀၀ ဂရမ်၊ ၁၃၀ ဂရမ်၊ ၁၆၀ ဂရမ်အလေး ချိန်ရှိ  ကဏန်းများကို  အအေးရိုက်ဖော့ ဘူးများဖြင့် ထုပ်ပိုး၍    တင်ပို့ရောင်းချကြောင်း သိရပါတယ်။

 

#MFID 

 

 

ကဏန္းေစ်းႏႈန္းမ်ား ထက္၀က္ခန္႕က်ဆင္း

 

တ႐ုတ္ႏိုင္ငံသို႔ ကဏန္းမတင္ပို႔ႏိုင္ေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ရိွ ကဏန္းေစ်းကြက္အတြင္း ေစ်းႏႈန္းမ်ား ထက္၀က္ခန္႔ က်ဆင္းလာေၾကာင္း   ရန္ကုန္ကဏန္းေစ်းကြက္ အတြင္းမွ သိရပါတယ္။

 

ရန္ကုန္ကဏန္းေစ်းကြက္က ျပည္ပသို႔ တင္ပို႔ေနတဲ့  အဓိက ေစ်းကြက္ျဖစ္ၿပီး  ဧရာ၀တီတုိင္းေဒသႀကီး၊  ရခိုင္ျပည္နယ္ႏွင့္ ကမ္း႐ိုးတန္းေဒသမ်ားမွ လာေရာက္ ေရာင္းခ်ေသာ ကဏန္းမ်ားကို စုေဆာင္း၍ အဓိကအေနျဖင့္  တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Bakeries (566)မုန္႔ဖုတ္လုပ္ငန္းမ်ား (၅၆၆) ခုကိုရွာရန္ႏွိပ္ပါ။

 

လက္ရိွတြင္  ျပည္ပသို႔တင္ပို႔ခြင့္ မရရိွသျဖင့္ ျပည္တြင္း စားေသာက္ဆိုင္မ်ားကို ျပန္လည္ေရာင္းခ်ေနရေၾကာင္း၊ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔စဥ္က  ကဏန္းတစ္ေကာင္လွ်င္ အေလးခ်ိန္အလိုက္ ေငြက်ပ္ ၁၅၀၀၀ မွ ၁၆၀၀၀ အထိ ေစ်းရရိွေသာ္လည္း ျပည္တြင္းေစ်းကြက္တြင္ ေငြက်ပ္ ၅၀၀၀ ခန္႔ျဖင့္သာ ျပန္လည္ေရာင္းခ်ေနရေၾကာင္းႏွင့္ လက္ရိွတြင္ ပံုမွန္တင္ပို႔ႏိုင္ေရး အတြက္ ခက္ခဲေနသျဖင့္ ျပည္တြင္းေစ်းကြက္ကို  အားထားေနရေၾကာင္း သိရပါတယ္။

 

ပံုမွန္အခ်ိန္မ်ားတြင္ တ႐ုတ္ႏုိင္ငံေစ်းကြက္သို႔ ေန႔စဥ္ ၃၃ ကီလိုဂရမ္ရိွ ကဏန္း ေဖာ့ဘူးေပါင္း ၇၀၀ မွ ၁၅၀၀ ခန္႔အထိ တင္ပို႔ေရာင္းခ်ရေၾကာင္း၊    လက္ရိွတြင္ ေစ်းကြက္  လံုး၀ ရပ္ဆုိင္းသြားျခင္းေၾကာင့္ ကဏန္းဒိုင္မ်ားသာမက ကဏန္းေမြးျမဴ ထုတ္လုပ္သည့္ လုပ္ငန္းမ်ားပါ နစ္နာဆံုး႐ံႈး မႈမ်ားရိွေနေၾကာင္း သိရပါတယ္။

 

Read More >>>>>   ကိုယ္ ခ်စ္ခင္တဲ့ သူေတြေပးဖုိ႕အတြက္ အိမ္မွာ ကိုယ္တိုင္ေခ်ာက္ကလက္ျပဳလုပ္လိုက္ၾကရေအာင္

 

ယင္းအတြက္ ေစ်းကြက္ ပံုမွန္ျပန္လည္ရရိွေရး   ေမွ်ာ္မွန္းထားၿပီး တ႐ုတ္ႏိုင္ငံ ေစ်းကြက္ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေနတဲ့  ေရထြက္ကုန္ လုပ္ငန္းအမ်ားစုကလည္း   ရပ္ဆိုင္းထားရေၾကာင္း၊ ကဏန္းမ်ားကို ရန္ကုန္ၿမိဳ႕ရိွ   ဒိုင္မ်ားမွ တင္ပို႔ရာတြင္  ကဏန္းတစ္ေကာင္လွ်င္ ၁၀၀ ဂရမ္၊ ၁၃၀ ဂရမ္၊ ၁၆၀ ဂရမ္အေလး ခ်ိန္ရိွ  ကဏန္းမ်ားကို  အေအး႐ိုက္ေဖာ့ ဘူးမ်ားျဖင့္ ထုပ္ပိုး၍    တင္ပို႔ေရာင္းခ်ေၾကာင္း သိရပါတယ္။

 

#MFID 

Read times Last modified on Saturday, 22 February 2020 09:01
Rate this item
(0 votes)