Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထန်းရည်မှ အချိုမှုန့်အစားထိုး ဟင်းခတ်မှုန့်အဖြစ် ထုတ်လုပ်ရောင်းချမည်

မြန်မာနိုင်ငံတွင် ထန်းရည်မှချက်လုပ်ရရှိသည့် အနှစ်အား အချိုမှုန့် အစားထိုး ဟင်းခတ်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်ဆောင်ရွက်နေကြောင်း ထန်းချစ်သူများအသင်းမှ သိရပါတယ်။

 

ထိုသို့ ဟင်းခတ်မှုန့်ထုတ်ရာတွင် ထန်းလျက်မထွက်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ပြုလုပ်၍ ဖြန့်မည်ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပါ ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

“ယိုးဒယားမှ အောင်မြင်နေတဲ့ အုန်းရည်ကနေ ဟင်းခတ်အချိုမှုန့်ထုတ်သလို စမ်းသပ်လုပ်ဆောင်ကြည့်တာပါ။ ထန်းလျက်နံ့ထွက်ရင် အဆင်မပြေတဲ့အတွက် ထန်းလျက်နံ့မထွက်အောင် လုပ်ရပါတယ်” ဟု ထန်းချစ်သူများအသင်း မှ ဦးမောင်မောင်စိုး က ပြောကြားခဲ့ပါတယ်။

 

ထန်းရည်မှ အချိုမှုန့်အစားထိုး ဟင်းခတ်ပစ္စည်းထုတ်လုပ်မှု အောင်မြင်ပါက ထန်းတက်တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အချိုမှုန့်အစားထိုး သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  အကောက်ခွန်နှုန်းထား သုံးဆကျော်မြင့်တက်ခြင်းကြောင့် တရုတ်သို့တင်ပို့မည့် ပဲဈေးကွက် ရိုက်ခတ်နိုင်

 

ထန်းရည်က တဆင့်ချက်လုပ်ရရှိသည့် အနယ်အနှစ်မှာ နိုင်ငံတကာဈေးကွက်၌ ဈေးနှုန်းမြင့်မားပြီး မြန်မာနိုင်ငံပြည်တွင်းဈေးကွက်၌ ကြံမှထုတ်လုပ်သည့် သကြားထက်ဈေးကြီးသော်လည်း ပြည်တွင်းမှထုတ်လုပ်သည့်အတွက် အများသုံးစွဲနိုင်ရန် သက်သာသည့် ဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခုလက်ရှိတွင် တစ်ရက်လျှင် ၄၀၀ ဂရမ်ပါ အနှစ်ဗူး ၁၅၀ ခန့် စမ်းသပ်ဖြန့်ဖြူး လျက်ရှိကြောင်း ထန်းချစ်သူများအသင်းမှ သိရပါတယ်။

 

Credit : Fifth Waves News

Read times Last modified on Saturday, 11 May 2019 15:52
Rate this item
(1 Vote)