Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာလူး ကြက်သွန် နဲ့ ပဲများ အရေးပေါ် တင်သွင်းမည်ဖြစ်ကြောင်း အိန္ဒိယ စားသုံးသူရေးရာ ဝန်ကြီး ပြောကြား

မကြာခင် ကျရောက်တော့မယ့်  ဒီပါပလီ (ဒေဝါလီ) နေ့ အမီ ကြက်သွန် တန်ချိန် နှစ်သောင်းခွဲနှင့် အာလူးတန်ချိန် သုံးသောင်း တင်သွင်းရန်

စီစဉ်နေပါကြောင်း၊ ထို့ပြင် ပဲဈေးများ ဈေးတက်လာနေသဖြင့် ပဲအမျိုးမျိုးတို့ကိုလည်း တင်သွင်း သွားမှာ ဖြစ်ကြောင်း အိန္ဒိယ စားသုံးသူရေးရာ ဝန်ကြီး Piyush Goyal က ပြောကြားခဲ့ပါတယ်၊

 

အာလူးတန်ချိန် သုံးသောင်းတင်သွင်းတာအတွက် လိုင်စင် လျှောက်ထားရန် မလိုဘဲ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်းလည်း ကြေညာချက်ကို ညဘက်မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။ နောက်ထပ် အာလူးတန်ချိန် တစ်သန်းအထိကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် အထိ အကောက်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးပြီး တင်သွင်းခွင့် ပေးမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

နိုင်ငံအချို့မှ ကြက်သွန်တန်ချိန် ခုနစ်ထောင်ကို တင်သွင်းခဲ့ပြီးပြီ ဖြစ်သည့်အပြင် ဒီပါပလီ (ဒေဝါလီ) နေ့  မတိုင်ခင် နောက်ထပ် တန်ချိန် နှစ်သောင်းခွဲ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။ ဘူတန်နိုင်ငံမှ အာလူးတန်ချိန် သုံးသောင်း မှာကြားထားပြီး ဖြစ်ရာ လာမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း အသိပေး ပြောကြားပါတယ်။

ဒီပါပလီ (ဒေဝါလီ) ပွဲတော် နီးကပ်လာချိန်မှာ ကြက်သွန်နဲ့ အာလူး ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ယခုလို ပြည်ပမှ အရေးတကြီး တင်သွင်းဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။ 

Goyal က ပြောကြားခဲ့တာမှာ မတ်ပဲ တန်ချိန် လေးသိန်းကို အကောက်ခွန် ၁၀% လျှော့ပေါ့ပေးထားတဲ့ ကာလသတ်မှတ်ချက်ကို ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့် ပေးလိုက်တယ်။  အလားတူပင် ကုလားပဲ တင်သွင်းမှုကိုလည်း အကောက်ခွန် ၁၀% လျှော့ပေါ့ပေးထားတဲ့ ကာလသတ်မှတ်ချက်ကို ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့် ပေးလိုက်တယ်။ 

ဗဟိုအစိုးရက မိုဇမ်ဘစ်မှ ပဲ တစ်နှစ် တန်ချိန် နှစ်သိန်း တင်သွင်းခြင်းနဲ့ မြန်မာမှ တစ်နှစ် ပဲတန်ချိန် နှစ်သိန်းခွဲ တင်သွင်းခြင်းတို့ကိုလည်း နောက်ထပ် ၅ နှစ် သက်တမ်းတိုးပေးထားပြီး ဈေးနှုန်းတည်ငြိမ်မှု ရေရှည် ရရှိအောင် ဆောင်ရွက်ရတာလို့ ဆိုပါတယ်။

 

Goyal  က ရှင်းလင်း ပြောကြားရာမှာ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုများဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး ကတိကဝတ်ကို ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် လိုအပ်ချက်ကြောင့်သာ ယခုလို ပြည်ပမှ တင်သွင်းခြင်းများကို အခွန်လျော့ပေါ့ခြင်း။ တင်သွင်းခွင့်ပြုခြင်းများ အလျင်စလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

 

"ကြက်သွန် လက်လီဈေးနှုန်းများကို စောင့်ကြည့်ပေးနေပြီး လတ်တလောမှာ တည်ငြိမ်နေတာကို တွေ့ရပြီး တစ်ကီလိုကို ၆၅ ရူပီ ပေါက်ဈေး ရှိပါတယ်။ အစိုးရအနေဖြင့် ဈေးတက်မလာခင်မှာ ယခုလို တင်ကြိုစီမံရတာ ဖြစ်ပါတယ်။ ပြည်ပမှ တင်သွင်းနေစဉ်ကာလမှာ ပြည်ပသို့ တင်ပို့ခြင်းများကို ယာယီရပ်ဆိုင်းထားပါမယ်" လို့ သူက ပြောပါတယ်။

တင်သွင်းလာတဲ့ ကြက်သွန်တွေအပေါ်  မှိုသတ်တဲ့ လုပ်ငန်းစဉ် ထုံးစံကိုလည်း ဒီဇင်ဘာလကုန်အထိ ယာယီရပ်ဆိုင်းပေးထားမှာ ဖြစ်ပြီး ယခုအထိ ကုန်သည်တွေက ကြက်သွန်တန်ချိန် ခုနစ်ထောင် တင်သွင်းခဲ့ပြီးပြီဖြစ်ကြောင်း သူက ပြောပါတယ်။

 

အာလူးဈေးနှုန်းတွေကတော့ တက်နေတယ်။ အိန္ဒိယ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပျမ်းမျှ လက်လီဈေးနှုန်းဟာ တစ်ကီလို ၄၂ ရူပီမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

 

business-standard.com

 

Read times Last modified on Saturday, 31 October 2020 10:55
Rate this item
(0 votes)