Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နို့နှင့် နို့ထွက်ပစ္စည်းများ ရောင်းအားကောင်းရန်အတွက်

နို့နှင့်နို့ထွက်ပစ္စည်းများကို  Model Market တွင် တင်သွင်းရောင်းချနိုင်ရေး အတွက် GD Market တွင်

ရောင်းအားကောင်းရန်  ဦးစွာ ကြိုးစားရမည်ဟု Red  Horse  Dairy  Industries Limited မန်နေးဂျင်း ဒါရိုက်တာ ထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် Model Market ဖြစ်တဲ့ City Mart များ၊ Shopping Mall များနှင့်  GD Market ဟု ခေါ်သည့် ရိုးရိုး ကုန်ခြောက်ဆိုင်များ၊ စတိုးဆိုင် များဟူ၍ ဈေးကွက်နှစ်မျိုးရှိရာ အရောင်းသွက်သည့် ပစ္စည်းများသာ ရောင်းချသည့်အတွက် နို့နှင့် နို့ထွက် ပစ္စည်းများကို Model Market  တွင် ရောင်းအား  ကောင်းစေရန် ဦးစွာဖြန့်ချိရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

GD Market မှာတော့  လွယ်လွယ်ကူကူရောင်းလို့ ရတယ်။ Shopping Mall တွေသွားတဲ့အခါ  Model Market ကျတော့ ပစ္စည်းတင်ရတာ အများကြီး အခက်အခဲ ရှိတယ်။ သူတို့က ရောင်းကောင်းမှ တင်တာ။ အဓိက က ကိုယ့်ပစ္စည်းကို အပြင်မှာ အသုံးများပြီဆိုရင် သူတို့တင်တယ်'' ဟု Red  Horse  Dairy  Industries Limited မန်နေးဂျင်း ဒါရိုက်တာ ထံမှ သိရပါတယ်။

 

Read More >>>>> အိမ်တွင် ကိုယ်တိုင် ဒိန်ချဉ်ပြုလုပ်နည်း

 

မြန်မာနိုင်ငံတွင်  Model Market က တခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက  နည်းနေသေးကြောင်း၊  GD  Market သည် ၈ဝ ရာခိုင်နှုန်းခန့်ရှိပြီး Model Market သည် ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါတယ်။

 

ကုမ္ပဏီ အနေဖြင့် သန့်ရှင်း လတ်ဆတ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန၏ အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး ကိုယ်ပိုင်နွားခြံမှ ထွက်သည့် နွားနို့များကို သန့်ရှင်း လတ်ဆတ်စွာ  ထုတ်လုပ်ဖြန့်ဖြုး လျက် ရှိ ကြောင်း  သိရပါတယ်။

 

မြန်မာနိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်းများ အသုံးပြုမှုမှာ  တခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းသေးပြီး Red  Horse Dairy Industries Limited အနေဖြင့် Pep နို့မှုန့်အပါအဝင်  နို့နှင့်နို့ထွက်ပစ္စည်းပေါင်း ၁၄မျိုးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုံးခွဲပေါင်း ၁၂ခုသို့ တင်ပို့ဖြန့် ချိလျက်ရှိကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:52
Rate this item
(3 votes)