Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Ovaltine မှ တစ်နိုင်ငံလုံးဆိုင်ရာ ၂၀၁၈ခုနှစ် သရုပ်ဖော်ပန်းချီပြိုင်ပွဲ(၂) ဆုရရှိသူများအား ပညာသင်ဆုကြေးများ ပေးအပ်ချီးမြှင့်

Ovaltine Myanmar မှ “အနာဂတ်အောင်မြင်မှုများဆီသို့  Ovaltine နှင့်အတူ စိတ်ကူးပုံဖော်ကြပါစို့” ခေါင်းစဉ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပခဲ့သော 

၂၀၁၈ခုနှစ် အိုဗာတင်း သရုပ်ဖော် ပန်းချီပြိုင်ပွဲ(၂)အတွက် ဆုရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ဆုကြေးများကို ယနေ့ ဂုဏ်ယူစွာ  ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ပြိုင်ပွဲကို လွန်ခဲ့သော သြဂုတ်လ ၁၅ရက်နေ့ မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ ပညာရေးဝန်ကြီးဌာ၏ ထောက်ခံအားပေးမှုဖြင့် အောင်မြင်စွာကျင်းပခဲ့ပါတယ်။

 

လွန်ခဲ့သောနှစ် အောက်တိုဘာက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး အထူးအောင်မြင်ရရှိခဲ့ရာ ယခုနှစ်ပြိုင်ပွဲတွင်မြန်မာတစ်နိုင်ငံလုံးရှိစာသင်ကျောင်းပေါင်း ၂,၈၀၂ ကျောင်းမှ ကျောင်းသား၊ကျောင်းသူပေါင်း ၂၅၄,၅၆၅ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက မိမိတို့၏ အနာဂတ်အောင်မြင်မှုများ၊ ဘ၀ရည်မှန်းချက်များကို ပိုမိုထင်ရှားစွာ စိတ်ကူးပုံဖော်နိုင်စေရန် ရည်ရွယ်၍ Ovaltine က ယခုပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ပါတယ်။

 


ယနေ့ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Novotel Yangon Max တွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာသင်ဆုကြေးများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် ဘားအံမြို့၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကျောက်တန်းနှင့် ရန်ကုန်မြို့ အစရှိသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့အသီးသီးမှ ဆုရကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။

 

ထို့အပြင် ယနေ့အခမ်းအနားသို့ တက်ရောက်၍ ဆုရကျောင်းသား၊ကျောင်းသူများအား ပညာသင်ဆုကြေးများ ချီးမြှင့်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အခြေခံပညာ ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါ်ခင်မာဆွေ က “မနှစ်ကကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် ပြိုင်ပွဲရဲ့ အောင်မြင်မှုနောက် အခုဒုတိယအကြိမ်မြောက် ၂၀၁၈ခုနှစ် အိုဗာတင်း သရုပ်ဖော်ပန်းချီပြိုင်ပွဲ(၂) အတွက်လည်း ကျွန်မတို့ ၀န်ကြီးဌာက အိုဗာတင်း နဲ့ထပ်မံ ပူးပေါင်း ခဲ့ပါတယ်။

 

မနှစ်က ပြိုင်ပွဲလိုပဲ ဒီနှစ်မှာလည်း ပြိုင်ပွဲဝင်တွေ ပိုများလာပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ နဲ့ မိဘတွေဆီက အပြုသဘောဆောင်တဲ့ တုံ့ ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ အခုလို ပြိုင်ပွဲကြီးကို ဒုတိယ အကြိမ်မြောက်အဖြစ် တာဝန်ယူကျင်းပခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဆုကြေးတွေ ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့တဲ့ Ovaltine ကိုလည်း ကျွန်မတို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူးတင် ရှိပါတယ်။ ကောင်းမွန်တဲ့ ပညာရေးဟာ တောက်ပတဲ့ အနာဂတ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲဟာ ကျောင်းသား၊ ကျောင်းသူတွေကို ဟန်ချက်မပြတ် ကြိုးစားအားထုတ်ဖို့နဲ့ ကျန်းမာစွာနေထိုင်ဖို့အသိပေးရာလည်း ရောက်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

အောက်ပါ အတန်းအလိုက် ပြိုင်ပွဲဝင်အုပ်စု သုံးခုမှ အနိုင်ရရှိသူများကို ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေး ခဲ့ပါတယ်။

·      သူငယ်တန်းမှ ၂ တန်းထိ၊

·      ၃ တန်းမှ ၅ တန်းထိနှင့်

·      ၆ တန်းမှ ၈ တန်းထိ တို့ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်အုပ်စုအလိုက် အနိုင်ရရှိသူ သုံးဦးစီကို ပညာသင်ဆုကြေးအဖြစ် -

·      ပထမဆု ၁၀ သိန်းကျပ်

·      ဒုတိယဆု ၅ သိန်းကျပ်နှင့်

·      တတိယဆု ၁ သိန်းကျပ်စီ ပေးအပ်ချီးမြှင်ခဲ့ပါတယ်။

 

ထို့အပြင် ပြိုင်ပွဲဝင်အုပ်စုတစ်ခုချင်းစီမှ စတုတ္တဆုနှင့် ပဉ္စမဆုရရှိသူများအား နှစ်သိမ့်ဆု အနေဖြင့် ၅၀,၀၀၀ ကျပ်စီ ချီးမြှင့်ပေးခဲ့ပါတယ်။

 

Ovaltine Myanmar ၏ အထွေထွေ မန်နေဂျာဖြစ်သူ Mr Ramon-Sheodore Villaflor က “ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်မြောက် ၂၀၁၈ခုနှစ် အိုဗာတင်း သရုပ်ဖော်ပန်းချီပြိုင်ပွဲ(၂) က ဆုရကျောင်းသား၊ ကျောင်းသူတွေ အခုလို ပညာသင်ဆုတွေချီးမြှင့် ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကိုဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မနှစ်ကလိုပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ကျောင်းပေါင်းစုံက အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြတာတွေ့ရတော့ အရမ်းကို ၀မ်းသာမိပါတယ်။

 

ဒီပြိုင်ပွဲက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပန်းချီပြိုင်ပွဲတွေမှာ အကြီးဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးကောင်းဖို့က ဘ၀ရည်မှန်းချက်အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ အချက်တွေကို တီထွင်ဖန်တီးမှုကောင်းကောင်းနဲ့ ဆွဲထားတဲ့ သရုပ်ဖော် ပန်းချီပုံပေါင်းများစွာကိုလည်းတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပညာသင်ဆုကြေးတွေနဲ့ သူတို့လေးတွေရဲ့ အောင်မြင်လှပတဲ့ အနာဂတ် အိပ်မက်တွေကို အကောင်အထည် ဖော်ရာမှာ ကူညီပံ့ပိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

၆ တန်းမှ ၈ တန်းအထိ ပြိုင်ပွဲဝင်အုပ်စုတွင် ပထမဆု ရရှိခဲ့သည့် ကျောက်တန်းမြို့နယ်မှ ၈ တန်းကျောင်းသူ မပိုးဆက်အောင်က Ovaltine က သူမ၏ အနာဂတ် ရည်မှန်းချက်ကို ထုတ်ဖော်ပြသရန်အတွက် Platform တခုကို ဖန်တီးပေးထားကြောင်းနှင့် သူမ၏ အနာဂတ် အိမ်မက်များကို ပိုမို ပုံဖော်တွေးခေါ်နိုင်စေခဲ့ပါတယ်။

 

“Ovaltine ကကျင်းပတဲ့ ဒီပန်းချီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် သမီးအရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်ကို အခုလို ပန်းချီကနေ သရုပ်ဖော်ပြသနိုင်ခဲ့တာဟာ အရမ်းကိုပျော်ရွှင်ဖို့ ကောင်းပါ တယ်။ Ovaltine ကနေ ဒီလိုအခွင့်အရေးကောင်းတစ်ခုကို ဖန်တီးပေးခဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီ ပညာသင်ဆုက သမီးရဲ့ အနာဂတ် ပညာရေးအတွက် အရမ်းအထောက်အကူပြုပါတယ်” ဟု မပိုးဆက်အောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။


Ovaltine ၏ သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ တက်ရောက်နေသော ကျောင်းမှ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို တောင်းယူပြီး မိမိတို့ အောင်မြင်ပိုင်ဆိုလိုသည့် အနာဂတ် ဘ၀ရည်မှန်းချက်အား ပေါ်လွင်ထင်ရှားစွာ သရုပ်ဖော်ရေးဆွဲထားသည့် ပန်းချီကို အပ်နှံရပါတယ်။ ရေးဆွဲ ရာတွင် ရေဆေး၊ ပုံဆွဲရောင်စုံဖယောင်းတံ၊ ရောင်စုံခဲတံ စသည့် မည်သည့်ပုံဆွဲပစ္စည်းအမျိုးအစားနှင့်မဆို အသုံးပြု ရေးဆွဲခွင့်ပြုခဲ့ပါတယ်။ ပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် ၀ါရင့် ပန်းချီဆရာကြီးများနှင့် နာမည်ကြီး ကာတွန်း ဆရာကြီး များဖြင့် ဖွဲ့စည်းကာ ပညာသင်ဆုများ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပါတယ်။


Ovaltine သည် လွန်ခဲ့သည့်နှစ်များစွာကတည်းက မြန်မာနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများကို အားတက်သရော ပံ့ပိုးကူညီခဲ့ပါတယ်။ ယင်းအပြင် နှစ်စဉ် စာသင်ကျောင်းပေါင်းများစွာကို သွားရောက်ပြီး ကျောင်းသူ၊ ကျောင်းသားများ နှင့် တွေ့ဆုံကာ နေ့စဉ် အစားအစာများထဲတွင် ပြီးပြည့်စုံသော အာဟာရပါဝင်ရန် အရေးပါပုံကို ပညာပေးသည့် လှုပ်ရှားမှု အစီအစဉ်များလည်း ပြုလုပ်လျက်ရှိပါတယ်။

Read times
Rate this item
(1 Vote)