Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သမဝါယမအသင်းများ၏ လယ်ယာလုပ်ငန်းများအတွက် အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်

သမဝါယမအသင်းများ၏ လယ်ယာလုပ်ငန်းများအတွက် အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်

မြန်မာ့လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် သမဝါယမအသင်းသား တောင်သူလယ်သမားများ၏ လုပ်ငန်းခွင်တွင် လိုအပ်လျက်ရှိသော အဆင့်မြင့် လယ်ယာသုံး စက်ကိရိယာများကို အတိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်ပေးမှုများအရ သမဝါယမအသင်းအဆင့်ဆင့်သို့ Hire Purchase စနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာအမျိုးအစားအလိုက် ရောင်းချပေးခဲ့သည်။ ထိုသို့ ရောင်းချပေးရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ၄ နှစ်တာကာလအတွင်းတွင် ထွန်စက်ကြီး ၂၈၅၆ စီး၊ ရိတ်သိမ်းချွေလှေ့စက် ၃၅၅ စီး အပါအဝင် လယ်ယာသုံးစက်ကရိယာ အစီးရေ စုစုပေါင်း ၃၀၈၂၂ စီးကို တောင်သူများ ပုဂ္ဂလိကစက်မှု ဝန်ဆောင်မှုအသင်းများသို့ ဖြန့်ဖြူးဆောင်ရွက်ပေးခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာ ၆ မျိုးကို လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို ငှား/ဝယ်စနစ်ဖြင့်ပင် ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။ ထိုသို့ရောင်းချပေးမည့် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကိုလည်း ဈေးနှုန်းအနည်းဆုံး၊ အတိုးနှုန်းသက်သာစွာဖြင့် ကာလရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် Service အပိုင်းတွင် RunningCondition အခြေအနေဖြစ်သည်အထိ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း သမဝါယမအသင်းများ၏ လယ်ယာလုပ်ငန်းများအတွက် အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌများ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဦးစီး အရာရှိများနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများမှ Virtual Meeting စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

myotaw.news/

Read times
Rate this item
(0 votes)