Food & Livestock
ကုန်သည်စက်မှုအသင်းချုပ်မှ အခြေခံလူတန်းစားများကို အစားအသောက်ထောက်ပံ့ပေးရန် ရန်ပုံငွေ ထူထောင်မည်
Unicode >>>>>
၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်၊ ရန်ကုန်မြို့
ကုန်သည်စက်မှုအသင်းချုပ်မှ အခြေခံလူတန်းစားများကို အစားအသောက်ထောက်ပံ့ပေးရန် ရန်ပုံငွေ ထူထောင်မည်
Beans & Pulse Warehouses ပဲမျိုးစုံသိုလှောင်ရုံများ (၅၀၅) ခုကိုရှာရန်နှိပ်ပါ။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် သည် Coronavirus Disease (COVID 19) ရိုက်ခတ်မှုကို ခံစားနေရသည့် အခြေခံလူတန်းစားများ ၏ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန် ရန်ပုံငွေတစ်ရပ်ကို ကနဦး ကျပ်သိန်း (၁၅၀၀)ဖြင့် မတည် ထူထောင်မည်ဖြစ်ပါသည်။
၂။ COVID 19 အကျိုးဆက်ကြောင့် လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများရှိနေပြီဖြစ်ရာ ယင်း ရိုက်ခတ်မှုသည် အခြေခံအကျဆုံးအလွှာဖြစ်သည့် လက်လုပ်လက်စားများ အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိနိုင်မှုကို သိသာစွာ ထိခိုက်နေပြီးဖြစ်ပါသည်။ လတ်တလောကာလတွင် အခြေခံလူတန်းစားများကို အစားအသောက်များ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင် အသင်းများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများနှင့်အတူ နိုင်ငံတော်အစိုးရနှင့် လက်တွဲ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။
Read More >>>>> တရုတ်နိုင်ငံသို့ အရည်အသွေးပြည့်မီတဲ့ အသီးများသာတင်ပို့သင့်
၃။ လက်လုပ်လက်စားများနှင့် မှီခိုသူမိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကုန်သည်စက်မှုအသင်းချုပ် အသင်းသူ၊ အသင်းသားများ၊ ညီနောင်အသင်းများ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များအား လည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်း လိုပါက မိမိစေတနာအလျောက် လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်း နှိုးဆော်သွားမည် ဖြစ်ပါသည်။
မီဒီယာပိုင်းဆက်သွယ်လိုပါက
ပြည်သူ့ဆက်ဆံရေးဌာန
ဖုန်းနံပါတ် -၀၁-၂၃၁၄၃၄၄-၄၉ လိုင်းခွဲ-၁၃၅၊ ၀၉-၄၅၀၂၀၀၆၄၀
အီးမေးလ် - pr@umfcci.com.mm
#UMFCCI
#ကုန်သည်စက်မှုအသင်းချုပ်
Zawgyi >>>>>
ပြည်သူ့ဆက်ဆံရေးဌာန
#UMFCCI