Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲနှင့်ပဲစင်းငုံဈေး သတ်မှတ်ဝယ်ယူရန် ပုဂ္ဂလိကငွေစတင်စုဆောင်း

ကျပ် ၁၀၀ ဘီလီယံ ရန်ပုံငွေထူထောင်ပြီး အခြေခံဈေး နှုန်းသတ်မှတ်ကာ မတ်ပဲနှင့် ပဲစင်းငုံဝယ်ယူရန်

ပုဂ္ဂလိကလုပ်ငန်း ရှင်များ ငွေကြေးစုဆောင်းမှုကို စက်တင်ဘာ ၄ ရက်တွင် စတင် ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူး ဦးမင်းကိုဦးက ပြောသည်။

 

အစိုးရက ကျပ် ၅၀ ဘီလီယံ နှင့် ပုဂ္ဂလိကက ကျပ် ၅၀ ဘီလီယံ စုပေါင်းပြီး ဈေးနှုန်းသတ်မှတ်ဝယ် ယူမည့် အစီအစဉ်စတင်ရန် အ သင်းဝင်ပဲကုန်သည်များအပါအ ဝင် ပုဂ္ဂလိကပဲလုပ်ငန်းရှင်များနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များ၏ထည့်ဝင်ငွေဖြင့် ရန်ပုံငွေစတင်စုဆောင်းနေကြောင်း ၎င်းက ပြောသည်။

 

‘‘ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကတော့ ဒီနေ့ငွေစစုတယ်။ ဘယ်လောက်ရတယ်ဆိုတာကတော့ မသိသေးဘူး။ ကုန်စည်ဒိုင်ပါ ပါ တယ်ဆိုတော့ ဘီလီယံ ၅၀ တော့ ကျော်သွားနိုင်တယ်’’ဟု ဦးမင်းကိုဦးက ဆိုသည်။

 

ရန်ကုန်ရှိ ပဲလုပ်ငန်းရှင်များ သာမက အခြားတိုင်းနှင့် ပြည် နယ်များရှိ လုပ်ငန်းရှင်များကို လည်း ငွေကြေးထည့်ဝင်နိုင်ရန် စက်တင်ဘာ ၁၁ ရက်နောက်ဆုံး ရက် သတ်မှတ်၍ ထည့်ဝင်စေ သည်ဟု ဆိုသည်။

 

မတ်ပဲနှင့် ပဲစင်းငုံကို တောင် သူနှင့်ကုန်သည်များထံမှ အခြေခံ ဈေးနှုန်းသတ်မှတ်ဝယ်ယူရာတွင် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသိန်း နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် လေးသိန်း သတ်မှတ်သည်။

 

အစိုးရနှင့် ပုဂ္ဂလိကပဲကုန် သည်များ စုပေါင်းရန်ပုံငွေထူ ထောင်မည့် အစီအစဉ်များ၊ အိန္ဒိယအစိုးရ၏ ဖြေလျှော့ပေးမှု ကြောင့် ပြည်တွင်းဈေးကွက်တွင် ပြန်လည်ဈေးမြင့်တက်လာသော မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းသည် သုံးရက်အတွင်း တစ်တန်လျှင် ကျပ်နှစ်သောင်းခွဲခန့် ဈေးနှုန်းကျ ဆင်းလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦး က ပြောသည်။

 

မတ်ပဲတစ်တန်လျှင် စက် တင်ဘာ ၁ ရက်က ကျပ်ခြောက် သိန်းမှ စက်တင်ဘာ ၄ ရက်တွင် ၅၇၅,၀၀၀ ကျပ်ခန့်၊ ပဲစင်းငုံတစ် တန်လျှင် စက်တင်ဘာ ၁ ရက်က ကျပ် ၄၇၀,၀၀၀ ရှိရာမှ စက်တင် ဘာ ၄ ရက်တွင် ၄၄၅,၀၀၀ ကျပ် သို့ ဈေးကျခဲ့သည်။

 

ဈေးအနည်းငယ်ပြန်တက် ပြီး ပြန်ကျခြင်းသည် အိန္ဒိယနိုင်ငံမှ ဝယ်လိုအား မရှိခြင်းကြောင့်ဖြစ် ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:19
Rate this item
(0 votes)