Food & Livestock
အာကာသယာဉ်မှုးများလေထဲတွင် အသား စားနိုင်ဖို့ NASA မှ လုပ်ဆောင်မည်
Air Protein ဆိုတာကတော့ အသားငါး အရသာ အတွေ့အထိ စားတဲ့ အခါမှာ ရရှိအောင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပေါင်းပြီး သား ၊ ငါး ဆင်တူ အသီးအနှံတွေကို ပြုလုပ်ထားတာပါ။ပြောရရင် လတ်တလော ကုန်တိုက်တွေမှာ ရောင်းချနေတဲ့ သတ်သတ်လွတ် အစားအစာတွေဖြစ်တဲ့ ပဲပြားနဲ့ လုပ်ထားတဲ့ ပုဇွန် ပုံစံ ဆင်ဆင်ပေါ့။
နာဆာရဲ့ စဉ်စားပုံ စဉ်းစားနည်းက သိပ်ဟန်ကျတယ် အာကာသယာဉ်ထဲမှာ အစားအသောက်တွေ ပွားများရမယ် ၊ အာကာသ ယာဉ်မှုးတွေ သူတို့ အာကာသသွားတဲ့ ခရီးတစ်လျှောက် မြေမလိုပဲနဲ့ လေထဲမှာတင် သီးပင်စိုက်မယ် အသားအရသာထည့်မယ်ဆိုကာ တွေးတောနေတယ်။ပရိုတင်းဓာတ်ရတဲ့ သစ်သီးတွေကိုမှ အသားအရသာ သွင်းမယ်ပေါ့။
ထိုသို့ လုပ်ကိုင်ဖို့တွေးလာတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ပေါ့ ပြောရရင် မြေနဲ့ ရေ မပါပဲ အမဲသား အရသာလုပ်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ ကိစ္စမို့ အချိန်ယူနေရတာပါ ထို့အပြင် အာကသပေါ်မှာ သီးပင်စားပင်စိုက်ပျိုးလို့ရမည့် တိုးတက်တဲ့ နည်းပညာ ကို ရှာဖွေရမယ် လို့ Air Protein လုပ်ငန်းစုမှ CEO ဖြစ်သူ လီဆာ ဒိုင်ဆန်က ပြောကြားသွားခဲ့ပါတယ်။
အခုဆိုရင်တော့ AirProtein လုပ်ငန်းစု အနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို အခြေပြု အစားပြုလုပ်နိုင်တဲ့ နည်းလမ်းကို အသုံးပြုဖို့ ဆန္ဒရှိမယ်သိရပါတယ်။အစားအစာ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အချိန် ကြာမြင့်မှု့ကသာ စဉ်းစားစရာဖြစ်နေတာပါ NASA ရဲ့ နည်းလမ်း အတိုင်းသွားရင် ဘာမှ ပူပင်စရာမလိုဘူးလို့သိရပါတယ်။
လတ်တလောဆောင်ရွက်နေတဲ့ ကိစ္စ မှာ အသားရဖို့အတွက် ဒိန်ခဲကို အောက်ခြေအဖြစ်သုံးသွားမယ်သိရပြီး လေထဲမှာရှိတဲ့ အဲလ်လိမန့်တွေနဲ့ ဥပမာ ကာဗွန်ဒိုင်အောက်စိုဒ့် ၊ အောက်စီဂျင် နဲ့ နိုင်ထရိုဂျင် အပြင် ရေနဲ့ သန်ဓာတ်တို့မှ ပြောင်းလဲသွားမှာပါ။ထိုသို့ပြောင်းလဲပြီးပါက နောက်ဆုံး ရမယ့်ရလဒ်က အမိုင်နို အက်စစ်တွေပြည့်နေတဲ့ ပရိုတင်းဓာတ်ပါတဲ့ အသားကို ရရှိပါတယ်တဲ့။ထိုသို့ရရှိဖို့ အတွက်ကိုနှစ်ရှည်လများ ကြာနေတာမို့ အချိန်နည်းနည်းနဲ့ လုပ်လို့ရအောင် ၎င်းတို့ကြိုးစားနေတယ်သိရပါတယ်။
<<< Zawgyi >>>
-----------------------------------------------------------------------------------------------
Ref : IFT Next



