Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ပဲမျိုးစုံဝယ်ယူရန် နီပေါမှ ကမ်းလှမ်း

မြန်မာ့ပဲမျိုးစုံဝယ်ယူရန် နီပေါမှ ကမ်းလှမ်း google.com

အိန္ဒိယသို့ တင်ပို့ခွင့် အကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့ပဲမျိုးစုံကို ၀ယ်ယူရန် နီပေါနိုင်ငံဘက်မှ ကမ်းလှမ်းထားပြီး

မည်သည့် ပဲအမျိုးအစားများကို ၀ယ်ယူရမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

 

မြန်မာနိုင်ငံမှ ပြည်ပတင်ပို့ပဲများဖြစ်သော ပဲစင်းငုံနှင့် ကုလားပဲတို့ကို နီပေါနိုင်ငံက စားသုံးသည့် ပဲအမျိုးအစားတွင် ပါဝင်နေတဲ့အတွက်ကြောင့် ၎င်းပဲများကို တင်ပို့နိုင်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။

 

ဘယ်လောက်တင်ပို့မယ်ဆိုတာကတော့ မသိရသေးပါဘူး။ လတ်တလောကတော့ ဘယ်ပဲအမျိုးအစားတွေ ပို့လို့ရနိုင်မလဲဆိုတာကိုပဲ ဆွေးနွေးနေကြောင်း သိရပါတယ်။

 

နီပေါကို ကာလကတ္တားကနေ Transit သွားတယ်။ သို့ပေမယ့်လည်း ၀ယ်လိုအားက အတော်လေးနည်းနေပြီး ဘာမှအပြောင်းအလဲဖြစ်နိုင်ခြေမရှိဘူးဆိုပေမယ့်လည်း ဒီလိုဝယ်မယ်ဆိုရင်တော့ ကောင်းတယ်ဟု ပဲကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုလက်ရှိတွင် မြန်မာ့ပဲအချို့ကို အိန္ဒိယနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ ပဲတန်ချိန်အနည်းငယ်သာ နှစ်စဉ်တင်ပို့လျှက်ရှိပြီး နီပေါနိုင်ငံ၏ပဲဝယ်ယူမှုမှာ နည်းပါးသည့်အတွက် လက်ရှိပဲဈေးကွက်ကို အပြောင်းအလဲ ဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း ပဲကုန်သည်များထံမှ သိရပါတယ်။

 

လက်ရှိပဲဈေးကွက်တွင် ပြည်ပပို့ ပဲများဖြစ်တဲ့ ပဲစဉ်းငုံနှင့် မတ်ပဲအရောင်းအ၀ယ်မှာ အေးစက်နေဆဲဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေကြောင်း ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 15:33
Rate this item
(0 votes)