Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လူအင်အားမလိုသည့် စက်မှုလယ်ယာစိုက်ပျိုးရေး ရှန်ဟိုင်းမြို့တွင် စတင် စမ်းသပ်

လူအင်အားမလိုသည့် စက်မှုလယ်ယာစိုက်ပျိုးရေးကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဝိုက်ကန်တွင် စတင် စမ်းသပ်ခဲ့ကြောင်း သိရသည်။
 
 
စပါးပျိုးပင်စိုက်ပျိုးခြင်းမှ ဆေးဖြန်းခြင်းအထိ စိုက်ပျိုးရေးကနဦးကာလအတွက် လယ်ယာမြေ ၁၃ ဟက်တာတွင် လူပါဝင်စရာမလို၊ လုပ်သားအင်အားမလိုဘဲ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
 
ထိုစိုက်ပျိုးရေးစနစ်ကို အဆင့်မြှင့်တင်ပြီးပါက 5G နည်းပညာ၊ အွန်လိုင်းနှင့် AI တို့မှတစ်ဆင့် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ လူပါဝင်စရာမလိုဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး
 
၎င်းမှာ ကုန်ကျစရိတ်သက်သာစေသလို သီးနှံထွက်နှုန်းလည်း တိုးစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ယင်းစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် လယ်ယာမြေ ၁၀၆.၆ ဟက်တာအထိ တိုးချဲ့ဆောင်ရွက်သွားရန် ခန့်မှန်းထားကြောင်း သိရသည်။
 
Xinhua
 
Myanmar Food Industry Directory
Read times
Rate this item
(0 votes)