Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သုံးလတာ ကာလအတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၉၈၃ သန်းကျော်သို့ ရောက်ရှိ

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေမှာ ဧပြီ ၁ ရက်မှ ဇွန် ၂၂ ရက်အထိ အမေရိကန် ဒေါ်လာ 

၇၉၈၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၂ ရက်အထိ  ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ  ၇ဝဝ၆ သန်းကျော်   ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်၍ ယခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက     အမေရိကန် ဒေါ်လာ ၉၇၇ သန်းကျော် ပိုမိုကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

ယင်းကဲ့သို့ ပိုမိုတင်သွင်းနိုင်မှုတွင်  ပို့ကုန်၊သွင်းကုန် ကဏ္ဍနှစ်ရပ်စလုံး၌ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး   ပို့ကုန်ကဏ္ဍတွင် ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၈၈၆ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကာ သွင်း ကုန်ကဏ္ဍတွင်    အမေရိကန်ဒေါ်လာသန်း ၉ဝ ကျော် ပိုမိုတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

 

''ကုန်သွယ်မှုမှာ သွင်းကုန်ကတော့ ပိုများ တာရှိပါတယ်။  အဓိက   ရင်းနှီးမြှုပ်နှံမှု တိုးတက်လာတဲ့အတွက်  ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့  ကုန်ပစ္စည်းတွေ တင်သွင်းရတယ်။ ရေနံ၊ လောင်စာနဲ့  ဆေးဝါးတွေ တင်သွင်းရတယ်။ ဒါတွေက အဓိကသွင်းကုန်ကို များစေတဲ့ အကြောင်းအရာတွေပါ'' ဟု ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိ၂ဝ၁၈   ခုနှစ်   ကြားကာလ ခြောက်လဘတ်ဂျက် ဧပြီ ၁ ရက်မှ ဇွန် ၂၂ ရက်အထိ  ပို့ကုန်ကဏ္ဍ၌   တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၆၂ သန်းကျော်၊ ရေထွက်ပစ္စည်းတင်ပို့မှုတွင်    အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော်၊ သတ္တု တွင်းထွက်ပစ္စည်းတင်ပို့မှုတွင် အမေရိကန် ဒေါ်လာ ၃ဝ၂ သန်းကျော်၊ စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုတွင်  အမေရိကန်ဒေါ်လာ  သန်း ၁၈ဝဝ ကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၃ သန်း ကျော်နှင့် တခြားပစ္စည်း တင်ပို့မှုတွင် အမေ ရိကန်ဒေါ်လာ ၃၃၄  သန်းကျော် အသီးသီး ကုန်သွယ်မှု ပြုခဲ့ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(1 Vote)