Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းပြည်ပမှ ပန်းမျိုးစုံနှင့် သီးပင်စားပင် အမျိုးအစားပေါင်း ၃၀၀ ကျော် ပါဝင်ပြသမည့် ပန်းမန်ပြပွဲကျင်းပရန်စီစဉ်

ပြည်တွင်းပြည်ပမှ ပန်းမျိုးစုံနှင့် သီးပင် စားပင် အမျိုးအစားပေါင်း ၃၀၀ ကျော် ပါဝင်ပြသမည့် ဒုတိယအကြိမ်မြောက် ပန်းမန်ပြပွဲကို မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်အထိ

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆ မိုင် ၆ ဖာလုံရှိ ဝင်းစိုက်ပျိုးဥယျာဉ်ခြံတွင် ကျင်းပရန်စီစဉ်ထားကြောင်း ဝင်းစိုက်ပျိုးဥယျာဉ်မှ ဦးကျော်ထွန်းဝင်း၏ ပြောကြားချက်အရ သိရပါတယ်။

 

အဆိုပါပန်းမန်ပြပွဲကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပမည်ဖြစ်ကာ ပန်းအလှများကို ကြည့်ရှုလေ့လာနိုင်ပြီး ပန်းမျိုးများကိုလည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲတွင် ပြည်တွင်းပြည်ပမှ ပန်းအမျိုးအစားပေါင်း ၁၀၀ ခန့် ပါဝင်ပြသမည်ဖြစ်ပြီး သီးပင်စားပင်များဖြစ်သည့် သရက်၊ သံပရာ၊ ရှောက်၊ အုန်း၊ ချယ်ရီ၊ ဘယ်ရီ၊ မင်းကွတ်၊ ရဲယိုနှင့် နှစ်ရှည်ပင်များဖြစ်သည့် သစ်မွှေး၊ အောင်မဲညိုနှင့် ဒန့်သလွန်စသည်တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

 

Read More >>>>>  တရုတ်သို့ မြန်မာ့လက်ဖက်ခြောက် စမ်းသပ်တင်ပို့မည်

 

ထို့ပြင် အပင်စိုက်ပျိုးနည်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ပြီး စားသောက်ဆိုင်များလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရပါတယ်။

 

"ရည်ရွယ်ချက်က ပန်းမန်နဲ့ပတ်သက်ပြီး ဖန်တီးချင်တဲ့စိတ်တွေဖြစ်လာအောင်၊ နောက်ပြီး ဒါကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ လူတွေစိတ်ဝင်စားလာအောင် ကျင်းပတာပါ။ တချို့ က စိုက်ပျိုးဖို့မြေတွေရှိပေမယ့် အသုံးမချဘဲ ပစ်ထားတဲ့အတွက် ဒါတွေကို အသုံးချနိုင်အောင် ကိုယ့်မြေယာထဲမှာ ဘယ်လိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာ အပန်းဖြေစခန်းလေးတွေနဲ့ လုပ်ပြထားတယ်။

 

ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကနေ ပန်းတွေ ဝယ်ယူပြီး ကိုယ့်နိုင်ငံမှာ ဘယ်လိုစီးပွားဖြစ် စိုက်ပျိုးနိုင်တယ်ဆိုတာကို ဒီပြပွဲကနေတစ်ဆင့် ပြချင်တာပါ"ဟု ဦးကျော်ထွန်းဝင်းက ပြောကြားခဲ့ပါတယ်။

 

အဆိုပါ ပန်းဥယျာဉ်ခြံသည် ၈၉ ဧက ကျယ်ဝန်းပြီး ပြည်တွင်းပြည်ပပန်းမျိုးစုံနှင့် ပိန္နဲ၊ သရက်၊ နာနတ်၊ တညင်း စသည့် သီးပင်စားပင်များလည်းရှိပါတယ်။ နောက်ပိုင်းတွင် လာရောက်သူများလေ့လာနိုင်ရန် အော်ဂဲနစ်ပန်းများနှင့် အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသော ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည့် သီးနှံများကို စိုက်ပျိုးပြသမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 11 March 2019 13:14
Rate this item
(1 Vote)