Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Yoma Strategic ရှယ်ယာများ ဒေါ်လာ ၆၀.၅ သန်း အရှုံးပြ

မြန်မာနိုင်ငံကို စူးစိုက်လုပ်ကိုင်သော Yoma Strategic Holdings တစ်နှစ်တာ အသားတင်အရှုံးသည် ယမန်နှစ်က ရှယ်ယာများ တန်ဖိုးလျော့ကျ အရှုံးပြ ခဲ့သည်မှာ အမေရိကန်ဒေါ်လာ ၃၆.၉ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀.၅ သန်း အထိ ဖြစ်လာသည်။

 

ဤသို့ ဖြစ်ရသည်မှာ ဖက်စပ်လုပ်ငန်းများမှ ရှယ်ယာများ အရှုံးပြခြင်း မြင့်မားသောကြောင့် ဖြစ်သည်။ ရောင်းချစရိတ်များ၊ စီမံရေးရာ စရိတ်များနှင့် ဝင်ငွေခွန် ကုန်ကျစရိတ်များ တိုးလာခြင်းကြောင့် ဖြစ်သည်။

 

Yoma Strategic သည် အိမ်ခြံမြေ၊ စားသောက်ကုန်နှင် အဖျော်ယမကာ၊ မော်တော်ယာဉ်၊ ငွေကြေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်သည်။

 

တစ်နှစ်တာ ဝင်ငွေသည် ၁၃.၆% တိုးခဲ့သည်။ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၉၁ သန်းရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၃.၂ သန်း ရှိသည်။

 

အိမ်ခြံမြေအပိုင်းကဏ္ဍမှာ တိုက်တာအဆောက်အဦများ ဆောက်လုပ်ခြင်းများထံမှ ဝင်ငွေသည် ဝင်ငွေ စုစု‌ေပါင်း၏ ၃၀.၇% ရှိခဲ့သည်ဖြစ်ရာ ၉၀% ကျော် တိုးခဲ့သည်။ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁၆.၂ သန်းရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁.၇ သန်း ရှိသည်။

 

လုပ်ငန်းစုသည် စားသုံးသူအပိုင်းကဏ္ဍ၊ ငွေကြေးဝန်ဆောင်မှု လက်တံ၊ မော်တော်ယာဉ်နှင့် အကြီးစားစက်မှု အပိုင်းကဏ္ဍ တို့တွင် ယမန်နှစ်ကထက် ယခုနှစ်တွင် ဝင်ငွေပိုများခဲ့သည်။

 

အိမ်ခြံ‌မြေဝန်ဆောင်မှုများနှင့် ရင်းနှီးြမှူပ်နှံမှု လက်တံများတွင် ဝင်ငွေ ကျဆင်းခဲ့သည်။

 

လုပ်ငန်းစုသည် ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို မတ်လကုန်တွင် အဆုံးသတ်ခြင်းအစား မြန်မာ့ဘဏ္ဍာရေးနှစ်နည်းတူ စက်တင်ဘာလကုန်ဟု ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကြေညာခဲ့သည်။

 

ရှယ်ယာတစ်စုအရ အရှုံးပြသည်မှာ ၂.၁၀ အမေရိကန်ဆင့် ဖြစ်ပြီး စက်တင်ဘာ ၃၀ တွင် အဆုံးသတ်သော လွန်ခဲ့သည့် ၃ လတာအတွက် ဖြစ်သည်။ ယခင်နှစ် အလားတူကာလတွင် ၃.၀၆ အမေရိကန်ဆင့် အရှုံးပြခဲ့သည်။

 

By Myanmar Food Industry Guide

Ref: businesstimes.com.sg

Read times Last modified on Tuesday, 01 December 2020 12:40
Rate this item
(0 votes)