Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဂျီနိုမိုတိုအချိမှုန့် အပါအ၀င် စားသောက်ကုန်များထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုချဲ့ထွင်

အာဂျီနိုမိုတိုကုမ္ပဏီကို ဂျပန်နိုင်ငံတွင် ၁၉၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အရသာဟင်းခတ်မှုန့်၊

စားသောက်ကုန်၊ အချိုရည်၊ အမိုင်နိုအက်ဆစ်၊ ဆေးဝါး၊ အခြေခံဓာတုပစ္စည်းနှင့်တိရစ္ဆာန်အစာအာဟာရများကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။

 

အာဂျီနိုမိုတိုစားသောက်ကုန်လုပ်ငန်းကို မြန်မာနိုင်ငံတွင် ၁၉၉၆ခုနှစ် ကတည်းက စတင်လာခဲ့တာဖြစ်ပါတယ်။ စီးပွားရေးအခြေအနေများကြောင့် ၂၀၀၀ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများကို ဆိုင်ငံ့ခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံထုတ် အာဂျီနိုမိုတိုအချိုမှုန့်များတင်သွင်းခြင်းကို ပြန်လည်စတင်ခဲ့ပါတယ်။

 

၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာအာဂျီနိုမိုတိုစားသောက်ကုန်လုပ်ငန်း ကုမ္ပဏီလီမိတက်ကို ပြန်လည်ထုပ်ပိုးစက်ရုံတည်ထောင်ပြီး ရောင်းချရန်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

 

အာဂျီနိုမိုတိုကုမ္ပဏီသည် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုချဲ့ထွင်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် သီလ၀ါအထူးစီးပွားရေးဇုန်တွင် ကျင်းပခဲ့ပါတယ်။

 

ကမ္ဘာတစ်လွှားရှိ နိုင်ငံအများအပြားတွင်လည်း စီးပွားရေးလုပ်ကိုင်လျက်ရှိပြီး အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းနယ်ပယ်တွင် သိသာထင်ရှားသည့် ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

 

အာဂျီနိုမိုတိုအချိုမှုန့်ကို သဘာဝကုန်ကြမ်းများဖြစ်တဲ့ ကြံ၊ ပီလောပီနံတို့မှ ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားဝင်ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

 

မြန်မာအာဂျီနိုမိုတိုစားသောက်ကုန်လုပ်ငန်း ကုမ္ပဏီလိမိတက်မှ အာဂျီနိုမိုတိုအချိုမှုန့် ၅၀ ဂရမ်၊ ၂၅၀ ဂရမ်၊ ၅၀၀ ဂရမ်အထုပ်များကို သြဂုတ်လမှ စတင်ပြီး ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။

 

ယင်းအပြင် သီလ၀ါစက်မှုဇုန်အတွင်း အာဂျီနိုမိုတိုကုမ္ပဏီအနေနဲ့ Birdy 3 in 1အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုတ်လုပ်သောစက်ရုံတည်ဆောက်နေပြီး Rose Dee ဟင်းခတ်မှုန့် ထုတ်လုပ်ရန်အတွက် စက်ပစ္စည်များလည်း တပ်ဆင်နေကြောင်း သိရှိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:21
Rate this item
(1 Vote)