Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အနာဂတ်အောင်မြင်မှုများကို စိတ်ကူးပုံဖော်နိုင်စေဖို့အတွက် Ovaltineမှ တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီပြိုင်ပွဲကြီးကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်

Ovaltine Myanmar ၏ ပထမဦးဆုံး အကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီ ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းပေါင်း ၃,၆၅၀ ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၁၆၄,၈၈၅ ဦးဖြင့်

၂၀၁၇ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးနောက် ပိုမို များပြားသော ကျောင်းသား၊ ကျောင်းသူများကို မိမိတို့၏ အနာဂတ် ဘဝရည်မှန်းချက်အား ရယူနိုင်ကြစေရန် တိုက်တွန်းအားပေးလိုသောကြောင့် ယခုနှစ်တွင်လည်း နာမည်ကျော် ကလေးပန်းချီပြိုင်ပွဲကြီးကို ဒုတိယအကြိမ် ထပ်မံ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

 

ယခုနှစ် ပြိုင်ပွဲကို “အနာဂတ်အောင်မြင်မှုများဆီသို့ Ovaltine နှင့်အတူ စိတ်ကူးပုံဖော်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းကျော်ခန့် ပါဝင် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

ပညာရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ယခုကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ ကလေးပန်းချီပြိုင်ပွဲကို  မြန်မာနိုင်ငံတွင် ကျင်းပသည့် ကလေးပန်းချီပြိုင်ပွဲများအတွင်း အကြီးမားဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပြီး အဆိုပါ ကလေးပန်းချီပြိုင်ပွဲကြီးမှတစ်ဆင့် ကျောင်းအသီးသီးမှတဆင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ကလေးပန်းချီပြိုင်ပွဲကြီး စတင်လိုက်ပြီးဖြစ်ကြောင်း ကြေညာသည့် အခမ်းအနားကို ယနေ့နံနက်က Meliá Yangon တွင် ကျင်းပပြုလုပ်ခဲ့ပြီး Ovaltine Myanmar General Manager ဖြစ်သူ Mr Ramon-Sheodore Villaflor က “ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေနဲ့ လူငယ်တွေကို သူတို့ လိုချင်တဲ့ အနာဂတ်ကို အကောင်အထည်ဖော်နိုင်ပြီး ဘယ်နေရာမှာပဲဖြစ်ဖြစ် ထူးချွန်နေအောင် တိုက်တွန်းအားပေးဖို့ ဆန္ဒရှိပါတယ်။  အောင်မြင်ဖို့ဆိုတဲ့နေရာမှာ ကျန်းမာရေး ကောင်းမွန်ဖို့နဲ့ Ovaltine ကနေ ပေးစွမ်းနိုင်တဲ့ ပြီးပြည့်စုံတဲ့ အာဟာရ ရရှိဖို့ ဆိုတာတွေကလည်း သတိပြုရမယ့် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ အတန်းလိုက် ခွဲထားတဲ့ အုပ်စု သုံးစုမှာ ထိုက်ထိုက်တန်တန် ဆုရရှိခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  Ovaltine Myanmar ကနေ  ကျောင်းသုံးပစ္စည်း  တွေ ဝယ်နိုင်အောင်၊ ကျောင်းစရိတ်အတွက် အထောက်အပံ့ဖြစ်အောင် ပညာသင်ဆုကြေးတွေ  ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဒီပညာသင်ဆုကို လက်ခံရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆက်ပြီး ကြိုးစားသွားနိုင်အောင် ခွန်အားတွေ ရရှိသွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

အရင်နှစ်ကလည်း Ovaltine နဲ့အတူပူးပေါင်းပြီး ပထမအကြိမ် တစ်နိုင်လုံးအတိုင်းအတာနဲ့ ကလေးပန်းချီ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေဆီက ကောင်းမွန်တဲ့ တုံပြုန်မှုလေးတွေ ပြန်ရပါတယ်။ ဒီနှစ်မှာလည်း Ovaltine က ကျောင်းသား၊ ကျောင်းသူတွေကို သူတို့ရဲ့အနာဂတ် ရည်မှန်းချက်ကို စိတ်ကူးပုံဖော်နိုင်ဖို့ အခုလို ကလေးပန်းချီပြိုင်ပွဲကို ထပ်မံ ကျင်းပပြုလုပ်ပေးလို့ ဝမ်းသာမိပါတယ်။ အနာဂတ်မှာ အောင်မြင်ဖို့အတွက် ပညာရေးက အဓိက လိုအပ်ချက်ဖြစ်သလို ဒီကလေးပန်းချီပြိုင်ပွဲကနေ ကျွန်မတို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကြိုးစားတာနဲ့ ကျန်းမာရေး ဂရုစိုက်တာနဲ့ကို မျှမျှတတလုပ်ဖို့ လိုအပ်တဲ့ အကြောင်း သတိပြုမိစေပါတယ်” ဟု ယနေ့ အခမ်းအနားသို့ တက်ရောက်လာသော နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ  ဒေါက်တာ ဒေါ်တင်ယုယုအေးက ပြောကြားခဲ့ပါတယ်။

 

ပြိုင်ပွဲတွင် ဆုရသည့်ကလေးများကို အောက်ပါအတိုင်း အတန်းအလိုက်အုပ်စု () စု ခွဲပြီး ပညာသင်ဆုများ  ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အုပ်စု သုံးခုမှာ -

 

- သူငယ်တန်း မှ ဒုတိယတန်း အထိ

 

- တတိယတန်း မှ ပဥမတန်း အထိ

 

- မတန်း မှ အမတန်း အထိ

 

ဆုရရှိသူများအတွက် စုစုပေါင်း ငွေကျပ် ၄၈,၀၀၀,၀၀၀ တန်ဖိုးရှိသည့် ပညာသင်ဆုကြေးများ ထိုက်ထိုက်တန်တန်  ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါတယ်။ အတန်းအလိုက် ပြိုင်ပွဲဝင်အုပ်စု သုံးခု ခွဲထားပြီး ပြိုင်ပွဲဝင်အုပ်စုအလိုက် အနိုင်ရရှိသူ သုံးဦးစီကို အောက်ပါအတိုင်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

- ပထမဆု ရရှိသူများအတွက် ပညာသင်ဆုကြေး ကျပ် ၁၀ သိန်း

 

- ဒုတိယဆု ရရှိသူများအတွက် ပညာသင်ဆုကြေး ကျပ် ၅ သိန်း

 

- တတိယဆု ရရှိသူများအတွက် ပညာသင်ဆုကြေး ကျပ် ၁ သိန်း

 

Ovaltine ကလေးပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိ တက်ရောက်နေသော ကျောင်းမှ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာမျာ  ရေးဆွဲထားသည့် ပန်းချီကို အပ်နှံရမည်ပြီး ရေဆေး၊ ပုံဆွဲဖယောင်းတံ၊ ရောင်စုံခဲတံ စသည့် မည်သည့် ပုံဆွဲပစ္စည်း အမျိုးအစားနှင့်မဆို အသုံးပြုပြီး ရေးဆွဲနိုင်ပါတယ်။

 

ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားကျောင်းသူများသည် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာတွင် မိမိတို့ ကိုယ်ရေးအချက်အလက် များကို ပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် ပန်းချီကားအရေအတွက် မည်မျှသာ ပါဝင်ယှဉ်ပြိုင် နိုင်သည်ဟု ကန့်သတ်ထားခြင်း မရှိပါ။

 

ပြိုင်ပွဲဝင်ပန်းချီနှင့်တကွ ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို မိမိတို့ကျောင်းရှိ သက်ဆိုင်ရာ ဆရာ၊ ဆရာမ ထံသို့ဖြစ်စေ၊  အောက်ဖော်ပြပါ ပြိုင်ပွဲကျင်းပရေး ကော်မတီ လိပ်စာသို့ဖြစ်စေ အပ်နှံရမှာ ဖြစ်ပါတယ်။ နောက်ဆုံးထား ပေးပို့ရမည့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် Ovaltine က ပြိုင်ပွဲဝင် ပန်းချီပုံအားလုံးကို စိစစ်အကဲဖြတ် သွားမည် ဖြစ်ပြီး အနိုင်ရရှိသူများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာပေးမည်ဖြစ်ပါတယ်။ ပန်းချီပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် ဝါရင့် ပန်းချီဆရာကြီးများနှင့် ကာတွန်း ဆရာကြီးများ ဖြစ်ကြသော SOCA Myanmar (Alternative Art Learning Community) မှ ပန်းချီပညာရှင်၊ စာရေးဆရာ၊ အလွတ်တန်း ပြတိုက်မှုး  ဖြစ်သူ ဦးအောင်မြတ်ဌေး၊ Institute for Strategy and Policy (ISP Myanmar) မှ Art Director ဦးထွန်းဦးနှင့် နာမည်ကျော် ကာတွန်းဇာတ်ကောင် ဘိုဘို ကို ဖန်တီးရေးဆွဲသူ ကာတွန်း ဦးမင်းဇော်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။

 

ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပန်းချီပုံများ ပေးပို့ရန်နှင့် ပြိုင်ပွဲအကြောင်း စုံစမ်းရန် မည်သူမဆို အောက်ပါလိပ်စာများသို့ ဆက်သွယ်နိုင်ပါသည် -

 

- လိပ်စာ - 12/C, နှင်းဆီလမ်း၊ () ရပ်ကွက်၊ ပါရမီ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

 

- ဖုန်းနံပါတ် - ၀၉-၅၉ ၈၉၇ ၆၄၆ ၆၈၆/ ၆၈၇/ ၆၈၈

 

 

Read times Last modified on Tuesday, 18 September 2018 10:32
Rate this item
(3 votes)