Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပအမှာစာများ ရပ်တန့်သွားပါက ရေလုပ်သားတစ်သန်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်လာနိုင်

လက်ရှိရေထွက်ကုန်တင်ပို့မှုပမာဏသည် ပြည်ပနိုင်ငံများသို့ အားကိုးနေရသည့်အခြေအနေဖြစ်နေသည့် အတွက်

ပြည်ပအမှာစာများရပ်တန့်သွားပါက ရေလုပ်သားတစ်သန်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များတင်ပို့မှုသည် ကန်ဒေါ်လာသန်း ရ၂၈ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး တရုတ်နှင့်အမေရိကန်နိုင်ငံကို အဓိကမှီခိုနေရခြင်း ဖြစ်သည့်အတွက် အဆိုပါနိုင်ငံများဘက်မှ အမှာစာများရပ်တန့်သွားပါက ရေလုပ်သားတစ်သန်းခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

လက်ရှိတွင်အီးယူနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကိုတင်ပို့နေပြီး ငါးသလောက်၊ ကတ်ကတစ်၊ ငါးရှဉ့်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ပုစွန်၊ ဂဏန်းအစရှိတဲ့ ရေထွက်ကုန်ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကာလဖြစ်နေသော်လည်း မြန်မာ့ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့မှုသမိုင်းတစ်လျှောက်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် အခြေအနေအကောင်းဆုံးနှစ်ဖြစ်ကာ Covid ကာလအတွင်း ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိနေသော်လည်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကဏ္ဍမှာတော့ ကန်ဒေါ်လာ ၈၅၄ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၁၂၀ ကျော်ပိုရရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။

မြို့တော်သတင်း

Read times
Rate this item
(0 votes)