Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်တန်ချိန်နှစ်သိန်း တရားဝင် ရောင်းချရန် တရုတ်အစိုးရထံ ကမ်းလှမ်းထား

ဆန်တန်ချိန်နှစ်သိန်း တရားဝင် ရောင်းချရန် တရုတ်အစိုးရထံ ကမ်းလှမ်းထား google.com

မြန်မာနိုင်ငံမှ တရားဝင် ဆန်တန်ချိန်နှစ်သိန်းရောင်းချရန် တရုတ်အစိုးရထံသို့ စာပေးပို့ကမ်းလှမ်းထားကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

 

မန်မာနိုင်ငံမှ ဆန်ဝယ်ယူ ရန် စာပို့ကမ်းလှမ်းမှုကို တရုတ်အစိုးရက လက်ခံထားပြီး ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။

 

‘‘သူတို့ဘက်က လက်ခံစဉ်း စားမယ်လို့ ပြောထားတယ်။ အခု ထိတော့ အကြောင်းမပြန်သေး ဘူး’’ဟု ၎င်းကပြောသည်။

 

တရုတ်နိုင်ငံသို့ ၂၀၁၅ မှ စတင် စာချုပ်ချုပ်ဆိုကာ တရားဝင်ဆန်တင်ပို့ရောင်းချပြီး ၂၀၁၇နှစ်ဆန်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည်။ ထို့ကြောင့်လက်ရှိအချိန်၌ စာချုပ်အသစ် ချုပ်ဆိုနိုင်ရန် စီစဉ်နေကြောင်း ဦးတိုးအောင်မြင့်က ဆိုသည်။

 

တရုတ်နိုင်ငံသို့  မြန်မာနိုင်ငံ မှ ဆန်တန်ချိန် တစ်သိန်းကိုပင်လယ်ရေကြောင်းဖြင့် တင်ပို့ ရောင်းချပြီး ကျန်ဆန်တန်ချိန် တစ်သိန်းကို နယ်စပ်ကုန်သွယ် ရေးမှတစ်ဆင့် ရောင်းချနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူများနှင့် တရုတ်သံရုံး တာဝန်ရှိသူများကြား ညှိနှိုင်းနေ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက် တာစိုးထွန်းက ပြောသည်။

 

မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ အများဆုံးဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ပြည်ပဆန်တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။ တရုတ်နိုင်ငံသို့ နယ်စပ်မှဆန်တင်ပို့မှု အများစုသည် တရားမ၀င်တင်ပို့ ရောင်းချ နေခြင်း ဖြစ်သည်။

 

ယခုလအတွင်း တရုတ်ကုန်သည်များက ဗီယက်နမ်နယ်စပ် မှ ဆန်တင်သွင်းရန် အခက်အခဲများ ရှိခြင်းကြောင့် မြန်မာနိုင်ငံ မူဆယ် နယ်စပ်မှ တစ်ရက်လျှင် ဆန်တန် ချိန် ၃,၀၀၀ မှ ၄,၀၀၀ အကြား ၀ယ်ယူနေကြောင်း မူဆယ်မြို့နေ ကုန်သည် ဦးမင်းသိန်းက ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:30
Rate this item
(0 votes)