Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာ နေသည်။

 

ဈေးနှုန်းများမှာမြို့နယ်အလိုက်ကွာခြားမှုရှိနေပါသည်။ပုသိမ်ခရိုင်ပုသိမ်မြို့နယ်တွင်ပေါ်ဆန်း၅၂ပေါင် (၁၂၀,၀၀ဝိ/-) ဝန်ကျင်ရှိပြီး၊စက်ပိုင်ကုန်သည်များမှဝယ်ယူသိုလှောင်လျှက်ရှိသည်။ကျောင်းကုန်းမြို့နယ်တွင်ပေါင်၁၀၀(၇၅၀၀၀ဝိ/-)ဝန်းကျင်ဖြစ်ပြီးရေကြည်၊အသုတ်မြို့များရှိ ကုန်သည်များမှဝယ်ယူလျက်ရှိသည်။ကန်ကြီးထောင့်မြို့နယ်၏ဈေးနှုန်းအခြေအနေမှာ ပေါင်၅၀(အစို)(၆၄၀,၀၀ဝိ/--၆၅၀၀,၀ဝိ/-)နှင့်ပေါင်၅၀(အခြောက်)(၆၄၀၀၀ဝိ/- -၆၅၀၀၀ဝိ/-)ဖြစ်ပြီး ရန်ကုန်နှင့် အညာ ဒေသသို့ အနည်းငယ်အရောင်းအဝယ်ရှိသည်။

 

မြောင်းမြခရိုင်အတွင်းရှိမြောင်းမြမြို့နယ် ဈေးနှုန်းပေါင်၅၀ (၆၈၀,၀၀ဝိ/~၆၉၀,၀၀ဝိ/-)ဖြစ်ပြီးအရောင်းအဝယ်အေးလျက်ရှိပါသည်။

 

မအူပင်မြို့နယ်တွင်နှံကားပေါင်၅၀စပါးဈေးနှုန်း(၇သိန်း)ဝန်းကျင်နှင့်မနောသုခပေါင်၅၀စပါးဈေးနှုန်း(၇၂၀၀၀ဝိ/- ၇၃၀၀၀ဝိ/-)ရှိဖြစ်ပြီး၊စက်ပိုင်ကုန်သည်များမှဝယ်ယူသိုလှောင်မှုများရှိနေပါသည်။

 

ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါး ဈေးနှုန်း၅၂ပေါင်(၁,၁၀၀,၀၀ဝိ/-~၁,၀၀၀,၀၀ဝိ/-)ဖြစ်ပြီး၊ရန်ကုန် ဘုရင့်နောင်ပွဲရုံးသို့ ရောင်းချ လျက်ရှိသည်။

 

ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါး ပေါင်၅၀ဈေးနှုန်း(၇၃၀,၀၀ဝိ/~၇၄၀,၀၀ဝိ/-) ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက် ဝယ်ယူလျှက်ရှိသည်။ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်းအရောင်းအဝယ်နည်းပါးလျက်ရှိနေပါသည်။


30-12-2021
#ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Read times Last modified on Sunday, 02 January 2022 09:15
Rate this item
(0 votes)