Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်ချိန် လုပ်ငန်းရှင်များ ရေလုပ်သား ရှားပါးမှုနှင့်ကြုံတွေ့နေရ

Unicode


ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်ချိန် လုပ်ငန်းရှင်များ ရေလုပ်သား ရှားပါးမှုနှင့်ကြုံတွေ့နေရ


ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်များဖြင့် ငါးဖမ်းလုပ်ငန်း များကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက စတင်၍  ပြန်လည်လုပ်ကိုင် နေကြပြီဖြစ်သော်လည်း  ရေလုပ်ငန်းရှင်များ အနေဖြင့် ရေလုပ်သား ရှားပါးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းလုပ်ငန်းများအား ရေသယံဇာတ ထိန်းသိမ်း နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ သုံးလကြာ ပင်လယ်ပြင်ငါးဖမ်းဆီးခွင့် ပိတ်ထားရာမှ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ ပင်လယ်ပြင် ကမ်းဝေးငါးဖမ်း ရေယာဉ်မှာ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန် ပင်လယ်ပြင်သို့ စတင် ထွက်ခွာလျက်ရှိပါတယ်။

 

Hotel Services & Training (31)ဟိုတယ္ဝန္ေဆာင္မႈသင္တန္းမ်ား (၃၁) ခုကိုရွာရန္ႏွိပ္ပါ။

 

''အခုက စီမံချက်ကာလကလည်း ပြည့်ပြီး ပင်လယ်ပြင်ကလည်း သာယာနေတော့ ငါးဖမ်းလုပ်ငန်းတွေကို ပြန်လည်စတင်တာပါ။ အခက်အခဲတစ်ခုက လုပ်သားရှားပါးမှုပါ ပင်လယ်ငါးဖမ်းခွင့် သုံးလကြာပိတ်လိုက်တော့ ရေလုပ်သားတွေမှာ စားဝတ်နေရေးာအတွက် နေရာဒေသ အသီးသီးတွေမှာ သွားရောက် အလုပ်လုပ်ကြတော့ ကျွန်တော်တို့ ပင်လယ်ပြင်လုပ်ငန်း စတင်တဲ့အချိန်မှာ ရေလုပ်သားတွေ ရှားပါးသွားတာပါ။ ရေလုပ်သားရှားပါးနေတဲ့ အတွက် အချို့လုပ်ငန်းရှင်များ အနေနဲ့ သြဂုတ်လကတည်းက လုပ်သားစုဆောင်းကာ လစာပေး ခေါ်ယူထားရတာပါ''ဟု ရေလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ဟိုင်းကြီးကျွန်းမြို့၌ ကမ်းဝေးငါးဖမ်းရေယာဉ် ၈၆ စင်းရှိပြီး  လုပ်သားများအား တစ်လလျှင် လုပ်ခလစာ ငွေကျပ် ၁၃ဝဝဝဝနှုန်းဖြင့် လည်းကောင်း၊ လှေဦးစီးများ အနေဖြင့် ငါးဖမ်းဆီးရရှိမှုမှ ၁ဝ ရာခိုင်နှုန်းခန့်ကို လည်းကောင်း အသီးသီး ရရှိကြကြောင်း သိရပါတယ်။

 

Read More >>>>>>  အိႏၵိယအ၀ယ္နည္း၍ မတ္ပဲႏွင့္ ပဲစင္းငံုေစ်းျပန္က်

 

 

Source: Myawady

 

 

 

ပင္လယ္ျပင္ ငါးဖမ္းလုပ္ငန္းမ်ား ျပန္လည္စတင္ခ်ိန္ လုပ္ငန္းရွင္မ်ား ေရလုပ္သား ရွားပါးမႈႏွင့္ႀကံဳေတြ႕ေနရ

 

ဧရာဝတီတုိင္းေဒသႀကီး ဟုိင္းႀကီးကြၽန္းၿမိဳ႕ ပင္လယ္ျပင္ ငါးဖမ္းေရယာဥ္မ်ားျဖင့္ ငါးဖမ္းလုပ္ငန္း မ်ားကုိ စက္တင္ဘာ ၁ ရက္ နံနက္ပုိင္းက စတင္၍  ျပန္လည္လုပ္ကုိင္ ေနၾကၿပီျဖစ္ေသာ္လည္း  ေရလုပ္ငန္းရွင္မ်ား အေနျဖင့္ ေရလုပ္သား ရွားပါးမႈမ်ားႏွင့္ ႀကံဳေတြ႕ေနရေၾကာင္း သိရပါတယ္။

 

ျမန္မာ့ပင္လယ္ျပင္ ကမ္းေဝးငါးဖမ္းလုပ္ငန္းမ်ားအား ေရသယံဇာတ ထိန္းသိမ္း ႏုိင္ေရး ရည္ရြယ္ခ်က္ျဖင့္ ဇြန္ ၁ ရက္မွ ၾသဂုတ္ ၃၁ ရက္အထိ သုံးလၾကာ ပင္လယ္ျပင္ငါးဖမ္းဆီးခြင့္ ပိတ္ထားရာမွ စက္တင္ဘာ ၁ ရက္ နံနက္ပုိင္းမွ စတင္ကာ ပင္လယ္ျပင္ ကမ္းေဝးငါးဖမ္း ေရယာဥ္မွာ ငါးဖမ္းလုပ္ငန္းမ်ား လုပ္ကုိင္ရန္ ပင္လယ္ျပင္သုိ႔ စတင္ ထြက္ခြာလ်က္ရွိပါတယ္။

 

Hotel Services & Training (31)ဟိုတယ္ဝန္ေဆာင္မႈသင္တန္းမ်ား (၃၁) ခုကိုရွာရန္ႏွိပ္ပါ။

 

''အခုက စီမံခ်က္ကာလကလည္း ျပည့္ၿပီး ပင္လယ္ျပင္ကလည္း သာယာေနေတာ့ ငါးဖမ္းလုပ္ငန္းေတြကို ျပန္လည္စတင္တာပါ။ အခက္အခဲတစ္ခုက လုပ္သားရွားပါးမႈပါ ပင္လယ္ငါးဖမ္းခြင့္ သုံးလၾကာပိတ္လုိက္ေတာ့ ေရလုပ္သားေတြမွာ စားဝတ္ေနေရးာအတြက္ ေနရာေဒသ အသီးသီးေတြမွာ သြားေရာက္ အလုပ္လုပ္ၾကေတာ့ ကြၽန္ေတာ္တုိ႔ ပင္လယ္ျပင္လုပ္ငန္း စတင္တဲ့အခ်ိန္မွာ ေရလုပ္သားေတြ ရွားပါးသြားတာပါ။ ေရလုပ္သားရွားပါးေနတဲ့ အတြက္ အခ်ဳိ႕လုပ္ငန္းရွင္မ်ား အေနနဲ႔ ၾသဂုတ္လကတည္းက လုပ္သားစုေဆာင္းကာ လစာေပး ေခၚယူထားရတာပါ''ဟု ေရလုပ္ငန္းရွင္ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

 

 

ဟုိင္းႀကီးကြၽန္းၿမိဳ႕၌ ကမ္းေဝးငါးဖမ္းေရယာဥ္ ၈၆ စင္းရွိၿပီး  လုပ္သားမ်ားအား တစ္လလွ်င္ လုပ္ခလစာ ေငြက်ပ္ ၁၃ဝဝဝဝႏႈန္းျဖင့္ လည္းေကာင္း၊ ေလွဦးစီးမ်ား အေနျဖင့္ ငါးဖမ္းဆီးရရွိမႈမွ ၁ဝ ရာခုိင္ႏႈန္းခန္႔ကုိ လည္းေကာင္း အသီးသီး ရရွိၾကေၾကာင္း သိရပါတယ္။

 

Read More >>>>>>  အိႏၵိယအ၀ယ္နည္း၍ မတ္ပဲႏွင့္ ပဲစင္းငံုေစ်းျပန္က်

 

Source: Myawady

Read times Last modified on Monday, 24 February 2020 17:52
Rate this item
(0 votes)