Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ် အစိုးရထုတ်ပေးမည်

မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်များ

စတင်ထုတ်ပေးမည်ဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုးက ပြောကြားသည်။


မြန်မာအော်ဂဲနစ်စံချိန်စံညွှန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်စံညွှန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်
များ ကြိုတင်၍စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲထံမှ သိရသည်။


“အော်ဂဲနစ်လက်မှတ်ကို ကြိုပြီးလျှောက်ထားလို့တော့ ရပါပြီ။ အချက်အလက်တွေကိုက် ညီ၊ မညီစစ်ဆေးပြီး သိပ်မကြာခင်တော့ပေးနိုင်အောင် လုပ်နေပါတယ်”ဟု ဦးသူရစိုးက ပြောဆိုသည်။

 

အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက အော်ဂဲနစ်စစ်ဆေးရေးအဖွဲ့က အချက်အလက်များ စစ်ဆေးပြီး မှန်ကန်ပါက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး
ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကလည်း အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိသည်။


ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် စားသုံးသူများအကြား ယုံကြည်မှုရှိစေရန် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်ပြီး ယင်းအသိအမှတ်ပြုလက်မှတ်ရရှိပါက အော်ဂဲနစ်နည်းဖြင့် ထုတ်လုပ်ထားသည့် ပစ္စ
ည်းအဖြစ် တံဆိပ်ကပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

 

Source: Voice

Read times
Rate this item
(1 Vote)