Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်သစ်ကူး ကာလတွင် အိန္ဒိယ အ၀ယ်လျော့၍ မတ်ပဲနှင့် ပဲစင်းငုံဈေးကျ

 နှစ်သစ်ကူးကာလ နီးလာချိန်တွင် အိန္ဒိယမှ အ၀ယ် လျှော့ချခြင်းကြောင့် ယခုသီတင်း ပတ် ပြည်တွင်းပဲဈေးကွက်တွင်

မတ်ပဲနှင့် ပဲစင်းငုံဈေးကျဆင်း ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူးဦးမင်းကိုဦးက ပြောသည်။

 

ဒေါ်လာတန်ဖိုးကျဆင်းပြီး အိန္ဒိယ၀ယ်လိုအားလျော့နည်း ခြင်းကြောင့် မတ်ပဲနှင့်ပဲစင်းငုံတစ် တန်လျှင် ကျပ် ၅၀,၀၀၀ ခန့်ဈေး ကျဆင်းကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦး က ပြောသည်။

 

လက်ရှိပြည်တွင်းဈေးကွက် တွင် မတ်ပဲ တစ်တန်လျှင်ကျပ် ၇၇၀,၀၀၀ ခန့်ဈေးရှိပြီး ပဲစင်းငုံ တစ်တန်လျှင်ကျပ်၇၃၀,၀၀၀ဈေးဖွင့်ကြောင်း၎င်းကပြောသည်။

 

‘‘ပြည်တွင်းဈေးက အိန္ဒိယ ပေါ်မူတည်ပါတယ်။ ဒီတစ်ခါကျ တာက ငွေဈေးကျတာလည်းပါ တယ်’’ ဟု ဦးမင်းကိုဦးက ပြော သည်။

 

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁,၅၇၀ ခန့်မှ ၁,၅၄၅ ကျပ်ဝန်း ကျင်သို့ ကျဆင်းခဲ့သည်။ ထိုသို့ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ပြည်ပတင်ပို့နေသည့်ပို့ကုန်များ တွင် ကျပ်ငွေနှင့်လဲလှယ်ရာ၌ တန်ဖိုးလျော့နည်းခဲ့သည်။

 

မြန်မာနိုင်ငံ၌  လက်ရှိအချိန် တွင် ပဲစင်းငုံအသစ်စတင်ပေါ်ချိန် ဖြစ်ပြီး ယခုနှစ်စိုက်ပျိုးမှုနည်း ခြင်းကြောင့် တန်ချိန်၅၀,၀၀၀ ခန့် သာ ထွက်ရှိမည်ဟုမြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း က မှန်းဆသည်။

 

သို့သော် ဆောင်းရာသီ စ တင် စိုက်ပျိုးချိန်တွင်ဈေးကောင်း ပြီး ရာသီဥတုမှန်ခြင်းကြောင့် မတ်ပဲစိုက်ပျိုးမှု ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့်သာ လျော့နည်း နိုင်သည်ဟုမှန်းဆထားသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)