Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ရီဂွန် ပင်လယ်စာစက်ရုံလုပ်သား ၇၇ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

အော်ရီဂွန် ပင်လယ်စာစက်ရုံလုပ်သား ၇၇ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ Google

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် Clatsop နယ်မြေရှိ Pacific Seafood စက်ရုံ လုပ်သား ၇၇ ဦးတွင်

COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြသည်။

 

ယခုသီတင်းပတ်အစောပိုင်းတွင် ပုဂ္ဂလိကဓာတ်ခွဲခန်းတစ်ခုက စက်ရုံ၏ ညဆိုင်းလုပ်သား ၁၅၉ ဦးကို nucleic acid စစ်ဆေးမှုပြုလုပ်ခဲ့ရာ ၇၇ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်သည် လို့ နယ်မြေဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။

 

အော်ရီဂွန်ကျန်းမာရေးအာဏာပိုင်အဖွဲ့က ထိတွေ့သူများကိုခြေရာခံရှာဖွေစဉ် ရောဂါကူးစက်ခံရသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိသည်။

 

အေဂျင်စီက စက်ရုံ၏ ကြာသပတေးနှင့် သောကြာနေ့ဆိုင်းလုပ်သားများကိုလည်း COVID-19 စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည် ဟု တာဝန်ရှိသူများထံမှ သိရသည်။

 

ရောဂါပိုးတွေ့ရှိခဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ ဆေးရုံတင်ခြင်းမရှိသေးပါဘူး။ Warrenton မြို့ရှိ Pacific Seafood စက်ရုံတွင်လည်း မေလက ဝန်ထမ်း ၁၁ ဦးနှင့် အနီးကပ်ထိတွေ့သူလေးဦး၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပါသေးသည်။

 

စက်တင်ဘာ ၂၄ ရက် မွန်းတည့်ချိန်တွင် အော်ရီဂွန်ပြည်နယ်၌ COVID-19 အတည်ပြုလူနာ အသစ် ၃၈၂ ဦးရှိခဲ့ရာ ဇူလိုင်လလယ်ကတည်းကစ၍ နေ့စဉ်ရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး အော်ရီဂွန် ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၁,၈၆၅ ဦး ရှိနေပြီဖြစ်သည်။

 

စက်တင်ဘာ ၂၄ ရက်တွင် ကပ်ရောဂါကြောင့် သေဆုံးသူနှစ်ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၅၃၉ ဦး ရှိပြီလို့ အော်ရီဂွန် ကျန်းမာရေးအာဏာပိုင် အဖွဲ့ကပြောကြားခဲ့သည်။

 

By Myanmar Food Guide

xinhua

Read times
Rate this item
(0 votes)