Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်နေ့လျှင် ဆန်အိတ်ရေ ငါးသောင်းဝန်းကျင်ခန့်တင်ပို့နေ

 

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှ  မူဆယ် ဈေးကွက်သို့ တစ်နေ့လျှင်  ဆန်အိတ်ရေ သုံးသောင်းမှ   ငါးသောင်းဝန်းကျင်ခန့် အထိတင်ပို့နေရကြောင်း

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း(ဘုရင့်နောင်ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရပါတယ်။

 

 

ယနေ့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ  ဆန်ဈေးနှုန်းများမှာ  အနည်းငယ်မြင့်တက်လာပြီး ၂၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၂ဝဝဝ ဝန်းကျင်နှင့် ၅ မှတ်ဆန် တစ်အိတ်လျှင်  ငွေကျပ်  ၂၄ဝဝဝ  ဝန်းကျင်ရှိကာ မူဆယ်သို့တင်ပို့ရန်   အနည်းငယ် အဝယ်လိုက်လာကြောင်း သိရပါတယ်။

 

 

ထို့ပြင်   တရုတ်ငွေလဲနှုန်း အနည်းငယ် မြင့်တက်လာသည့်အပြင် တရုတ်နိုင်ငံဘက်မှ အဝယ်အနည်းငယ် လိုက်လာမှုကြောင့် ယခုရက်ပိုင်းအတွင်း ပိုမိုတင်ပို့လာရကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရပါတယ်။

 

 

''ငွေလဲနှုန်းနည်းနည်းတက်တော့ လက်ရှိဆန်ဈေးနဲ့ ကိုက်တယ်။ ဒီရက်ပိုင်းရာသီဥတု ကလည်း   ကောင်းလာတယ်ဆိုတော့ ဆန်လက်ကျန်လည်း နည်းလာတယ်'' ဟု  ဆန် ကုန်သည် ဦးစိုင်းညီ ကပြောကြားခဲ့ပါတယ်။

 

 

ယခင်တစ်ပတ်က မူဆယ်နယ်စပ်၌တင်ပို့ရန်  စောင့်ဆိုင်းနေရသည့်  ဆန်တန်ချိန် သိန်း  ၃ဝ ခန့်မှာ   ယခုတစ်ပတ်အတွင်း  ဝယ်လိုအား  မြင့်တက်လာသည့်အတွက် လက်ကျန် ဆန်အိတ်ရေ လျော့နည်းလာပါတယ်။

 

 

''မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့   ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု အခြေအနေမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၆ သန်း တန်ဖိုးရှိ  ဆန်တန်ချိန်  ၁၂ သိန်းကျော်၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၇၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ဝ သိန်းကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင်  အမေရိကန်ဒေါ်လာ  ၂ဝ၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန်  ခြောက်သိန်းကျော်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် နှစ်သန်းဝန်းကျင် တင်ပို့ထားကြောင်း  သိရပါတယ်။

 

 

ယခုဘဏ္ဍာနှစ်  ကြားကာလငါးလအတွင်း အမေရိကန်ဒေါ်လာ  ၃၁၅ သန်း တန်ဖိုးရှိ  ဆန်နှင့်ဆန်ကွဲတန်ချိန် ကိုးသိန်းကျော် တင်ပို့နိုင်ခဲ့ပြီး   ငွေလဲနှုန်းမြင့်တက်နေသည့်အတွက်    ယခင်ကာလတူထက် တန်ချိန် တစ်သိန်းခန့် လျော့နည်းတင်ပို့ထားသော်လည်း  အမေရိကန်ဒေါ်လာ    ၁၅ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:06
Rate this item
(0 votes)