Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်တန်ချိန် တစ်သိန်း ဘင်္ဂလားဒေ့ရှ် ၀ယ်ယူမည်

မြန်မာနိုင်ငံမှ ငါးမှတ် အမျိုးအစားဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၄၄၂ ဒေါ်လာဖြင့် တန်ချိန်တစ်သိန်း

ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

 

အဆိုပါ ဆန်တန်ချိန်တစ်သိန်းကို မိုးစပါးအသစ်ပေါ်ချိန် တွင် စတင်ရောင်းချနိုင်မည်ဟု ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံမှ ရောင်းချသည့်  ငါးမှတ်ဆန်တစ်တန်လျှင် ၄၄၂ ဒေါ်လာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရောက်ဈေးနှုန်းဖြစ်ပြီး လက်ရှိ မြန်မာဆန် ပြည်ပဈေးကွက်သို့ ရောင်းချနေသည့် ဈေးနှုန်းနှင့်နှိုင်း ယှဉ်ပါက မျှတမှုရှိကြောင်း ပြည်ပသို့ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင်အချို့က ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရချင်းသဘောတူညီမှုဖြင့် ဆန် တန်ချိန်သုံးသိန်းရောင်းချရန်စက် တင်ဘာ ၇ ရက်၌ နှစ်နိုင်ငံကုန် သွယ်ရေးဝန်ကြီးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ယခုအခါ တန်ချိန်တစ်သိန်းစ တင်ဝယ်ယူရန် စီစဉ်ခြင်းဖြစ်သည်။

 

၂၀၁၅ နောက်ပိုင်းမြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုတွင် ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခြင်းသည် ပထမဆုံးဖြစ်သည်။

 

၂၀၁၆ ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ကြောင့် စားနပ်ရိက္ခာလျော့နည်း နေသဖြင့် ဆန်စပါးပြည်ပသို့တင်ပို့ရောင်းချနေသည့် မြန်မာနိုင်ငံအပါအ၀င် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ ဆန် ၀ယ်ယူရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူးဦးနေလင်းဇင်က ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုး ရချင်းသဘောတူညီမှုဖြင့် ဆန်ရောင်းချခြင်းကို စက်တင်ဘာအတွင်း စတင်ခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုများရှိနေကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် အစိုး ရချင်းသဘောတူညီမှုဖြင့် ပြည်ပ သို့ ဆန်ရောင်းချနိုင်ရန် သီရိလင်္ကာနိုင်ငံနှင့်လည်း ညှိနှိုင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူအချို့က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:30
Rate this item
(1 Vote)