Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံ အဝယ်လိုက်နေချိန် ထွက်ရှိလာသဖြင့် တောင်သူများ ဈေးကောင်းရ

ပြည်တွင်း၌ ပုံမှန်အားဖြင့် ဒီဇင်ဘာလ အတွင်းသာ ပဲစင်းငုံ ထွက်လေ့ရှိသော်လည်း ယခုရက်ပိုင်း ပဲစင်းငုံအဝယ်လိုက်နေချိန်

ပဲစင်းငုံများ ပုံမှန်ထက်စော၍ ထွက်ရှိလာ သည့်အတွက် ဈေးကောင်းရရှိပြီး ပဲစင်းငုံစိုက် တောင်သူများ  တွက်ခြေကိုက် အဆင် ပြေလျက်ရှိကြောင်း မကွေးမြို့နယ်ရှိ ပဲစိုက်တောင်သူများထံမှ သိရပါတယ်။

 

နိုဝင်ဘာလက ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ခြောက်သောင်းရှစ်ထောင် ဝန်းကျင်သာရှိရာမှ လက်ရှိတွင် ငွေကျပ် ခုနစ်သောင်း ခြောက်ထောင် ဝန်းကျင်အထိ ပေါက်ဈေး ရှိနေပါတယ်။

 

ထို့ပြင် အိန္ဒိယနိုင်ငံမှ ကုန်စည်တင်သွင်း ခွင့်ပါမစ်များ ချထားပေးပြီး ဝယ်ယူနေသောကြောင့် ယခုရက်ပိုင်းအတွင်း ပဲစင်းငုံဝယ်လို အားများလာပြီး ဈေးနှုန်းမြင့်တက်နေသကဲ့သို့ မတ်ပဲ ဈေးနှုန်းများပါ အနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။

 

''ဒီနှစ်က ပဲစင်းငုံပုံမှန်ထက်  ပိုစောထွက်တယ်။ ဒီဘက်က ဝယ်လိုအားကလည်း ရှိနေတော့ ဈေးကောင်းရတယ်။ အခု ကျောက်ပန်းတောင်းဘက်က ထွက်တာပိုများတယ်။ ဒီတိုင်းဆို  တောင်သူတွေ တွက်ခြေကိုက်ကြမှာပါ'' ဟု ကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပဲစင်းငုံသည် တခြားသီးနှံများထက် စိုက်ပျိုးစရိတ် နည်းပါးကာ  အလွယ်တကူ စိုက်ပျိုးနိုင်သည့်   သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် နှမ်းကဲ့သို့ အားထား စိုက်ပျိုးနေကြောင်း သိရပါတယ်။

 

ပဲစင်းငုံကို   မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌  အဓိကစိုက်ပျိုးကြပြီး မတ်ပဲကို ဧရာဝတီတိုင်း ဒေသကြီး၌ အများဆုံးစိုက်ပျိုးကြောင်း သိရပါတယ်။

Read times
Rate this item
(1 Vote)