Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေး ထွက်ကုန်များ ပြန်လည် တင်သွင်းခွင့်ရရှိ

Unicode

စိုက်ပျိုးရေး ထွက်ကုန်များ ပြန်လည် တင်သွင်းခွင့်ရရှိ


တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့်    ဝူဟန်ကိုရိုနာဗိုင်းရပ် ရောဂါပိုးကြောင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကချင်ပြည်နယ်ရှိ    နယ်စပ်ဝင်ပေါက်ဂိတ်များ ဖြစ်သည့်   လွယ်ဂျယ်၊ ကန်ပိုက်တီနယ်စပ် ဂိတ်ပေါက်များအား  ဇန်နဝါရီ ၂၈ ရက်က ပိတ်ထားရာ ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက  လွယ်ဂျယ်မြို့နယ်စပ် ဝင်ပေါက်ဂိတ်အား    စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။


Rice Merchants (1546)ဆန္ကုန္သည္မ်ား ၁၅၄၆ ကိုရွာရန္ႏွိပ္ပါ။


ယင်းသို့  လွယ်ဂျယ်နယ်စပ်ဂိတ် ဖွင့်လှစ်ပေးခြင်းကြောင့် ဗန်းမော်ခရိုင် အတွင်းရှိ စိုက်ပျိုးရေး ထွက်ကုန်များဖြစ်တဲ့ တစ်သျှူးငှက်ပျော၊ ကြံ၊ ဖရဲ၊ ဆန်နှင့်ပြောင်းတို့ အသင့်တင်ဆောင် စောင့်ဆိုင်းနေသော မော်တော်ယာဉ်အစီး  ၁၀၀   ကျော်မှာ ထွက်ခွာခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။


Read More >>>>>   စားလို့အရမ်းကောင်းတဲ့ ပဲထမင်းချက်


လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဗန်းမော်မြို့သို့ ၅၇ မိုင်ခန့်ကွာဝေးပြီး စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်သွယ်ရာတွင်လည်း ဗန်းမော်၊ မိုးမောက်၊  လွယ်ဂျယ်လမ်းပိုင်းအား အဓိကထား သွားလာရခြင်းဖြစ်ကာ အလားတူ ကန်ပိုက်တီ နယ်စပ်ချစ်ကြည်ရေး ဂိတ်မှလည်း ဖေဖော်ဝါရီ ၁၃ ရက်တွင်စတင်၍ တစ်သျှူးငှက်ပျောတင် ယာဉ်များအား အစီးရေ အကန့်အသတ်ဖြင့်  ထွက်ခွာခွင့်ပြုကြောင်း သိရပါတယ်။


#MFID

 

 

စုိက္ပ်ဳိးေရး ထြက္ကုန္မ်ား ျပန္လည္ တင္သြင္းခြင့္ရရွိ

 

တ႐ုတ္ႏုိင္ငံတြင္ ျဖစ္ပြားလ်က္ရွိသည့္    ၀ူဟန္ကုိ႐ုိနာဗုိင္းရပ္ ေရာဂါပုိးေၾကာင့္ ကူးစက္ပ်ံ႕ႏွံ႕မႈ မရွိေစေရး ကခ်င္ျပည္နယ္ရွိ    နယ္စပ္၀င္ေပါက္ဂိတ္မ်ား ျဖစ္သည့္   လြယ္ဂ်ယ္၊ ကန္ပုိက္တီနယ္စပ္ ဂိတ္ေပါက္မ်ားအား  ဇန္န၀ါရီ ၂၈ ရက္က ပိတ္ထားရာ ေဖေဖာ္၀ါရီ ၁၂ ရက္ နံနက္ပုိင္းက  လြယ္ဂ်ယ္ၿမိဳ႕နယ္စပ္ ၀င္ေပါက္ဂိတ္အား    စတင္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရပါတယ္။

 

Rice Merchants (1546)ဆန္ကုန္သည္မ်ား ၁၅၄၆ ကိုရွာရန္ႏွိပ္ပါ။

 

ယင္းသုိ႔  လြယ္ဂ်ယ္နယ္စပ္ဂိတ္ ဖြင့္လွစ္ေပးျခင္းေၾကာင့္ ဗန္းေမာ္ခ႐ုိင္ အတြင္းရွိ စုိက္ပ်ဳိးေရး ထြက္ကုန္မ်ားျဖစ္တဲ့ တစ္သွ်ဴးငွက္ေပ်ာ၊ ႀကံ၊ ဖရဲ၊ ဆန္ႏွင့္ေျပာင္းတုိ႔ အသင့္တင္ေဆာင္ ေစာင့္ဆုိင္းေနေသာ ေမာ္ေတာ္ယာဥ္အစီး  ၁၀၀   ေက်ာ္မွာ ထြက္ခြာခြင့္ရရွိခဲ့ေၾကာင္း သိရပါတယ္။

 

Read More >>>>>   စားလုိ႕အရမ္းေကာင္းတဲ့ ပဲထမင္းခ်က္

 

လြယ္ဂ်ယ္နယ္စပ္ဂိတ္မွ ဗန္းေမာ္ၿမိဳ႕သုိ႔ ၅၇ မုိင္ခန္႔ကြာေ၀းၿပီး စုိက္ပ်ဳိးေရး ထြက္ကုန္မ်ားကုိ ကုန္သြယ္ရာတြင္လည္း ဗန္းေမာ္၊ မုိးေမာက္၊  လြယ္ဂ်ယ္လမ္းပုိင္းအား အဓိကထား သြားလာရျခင္းျဖစ္ကာ အလားတူ ကန္ပုိက္တီ နယ္စပ္ခ်စ္ၾကည္ေရး ဂိတ္မွလည္း ေဖေဖာ္၀ါရီ ၁၃ ရက္တြင္စတင္၍ တစ္သွ်ဴးငွက္ေပ်ာတင္ ယာဥ္မ်ားအား အစီးေရ အကန္႔အသတ္ျဖင့္  ထြက္ခြာခြင့္ျပဳေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Saturday, 22 February 2020 08:56
Rate this item
(0 votes)