Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရမူဝါဒ စောင့်နေခြင်းကြောင့် ပြည်တွင်းမတ်ပဲနှင့် ပဲစင်းငုံဈေးငြိမ်

အိန္ဒိယအစိုးရ၏ ပဲတင် သွင်းမည့်မူဝါဒအခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် ပြည် တွင်းဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း တည်ငြိမ်နေ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူးဦးမင်းကိုဦးက ပြောသည်။


မတ်လလယ်က ပြည်ပမှ ပဲတင်သွင်းလိုသည့် ကုန်သည် များကို အဆိုပြုလွှာလျှောက် ထားရန် အိန္ဒိယအစိုးရက ဖိတ် ခေါ်ထားသည်ဆိုသည့်သတင်း ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် အိန္ဒိယ အစိုးရ၏ ပဲတင်သွင်းမည့်အစီအ စဉ်ကို ကုန်သည်များကစောင့် ကြည့်နေသည့်အခြေအနေတွင် သာရှိနေသည်ဟု ဦးမင်းကိုဦးက ပြောသည်။

 

‘‘ခွဲတမ်းနဲ့ပဲ သွင်းခွင့်ပေး မလား၊ ဘယ်လိုပဲအမျိုးအစား တွေ သွင်းခွင့်ပေးမလဲဆိုတာ စောင့်နေကြပါတယ်’’ ဟု ၎င်းက ပြောသည်။

 

ထိုအခြေအနေတွင် ပြည် တွင်းပဲဈေးကွက်၌ မတ်ပဲတစ် တန်လျှင် ကျပ်ခြောက်သိန်းရှစ် သောင်းကျော်မှ ကျပ်ခုနစ်သိန်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းသုံးသောင်းမှ ကျပ်ရှစ်သိန်းကျော်အကြား ဈေးရှိကြောင်း ဘုရင့်နောင် ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် ပဲအသစ်နှင့်အဟောင်း ဈေးနှုန်းနှစ်မျိုး ဖွင့်လှစ်ကြောင်း ဦးမင်းကိုဦးက ပြောသည်။

 Read More >>>>> ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

မတ်ပဲဈေးနှုန်းက နယ်မြို့ များတွင် တစ်တင်းလျှင် ကျပ် နှစ်သောင်း သုံးထောင်ခန့်ရှိပြီး ၀ယ်လိုအား ပုံမှန်ရှိကြောင်း ဓနုဖြူမြို့နယ်နေ လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် မတ်ပဲအသစ်ပေါ်ချိန်၌ သိုလှောင် လိုသည့် ပြည်တွင်းကုန်သည်များ ၏ ၀ယ်လိုအားကောင်းခြင်းနှင့် အထွက်နှုန်း လျော့နည်းခြင်းက မတ်ပဲတစ်တန်လျှင် ကျပ်တစ် သိန်းကျော်သို့ ဈေးပြန်လည်မြင့် တက်စေကြောင်း ပဲကုန်သည်အ ချို့ကဆိုသည်။ အိန္ဒိယမှ မတ်ပဲ အ၀ယ် မရှိသော်လည်း ပါကစ္စ တန်နှင့် ယူအေအီးနိုင်ငံတို့ကတန် ချိန်အနည်းငယ် ၀ယ်လိုအားရှိနေသည်။

 

Source: 7 day news

Read times Last modified on Thursday, 28 March 2019 14:31
Rate this item
(1 Vote)