Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားနိုင်ငံမှ ထောက်ပံ့သော ဆန်တန်ချိန် (၁၀၀) ထဲမှ အိတ်ရေ (၂၀၀၀) အား မကွေးတိုင်းဒေသကြီးရှိ ကိုဗစ်စင်တာများသို့ ဖြန့်ဝေနေ

ကိုဗစ်ခံစားနေရသော ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံ APTERR ၏ Tler-3 2020 အစီအစဉ်မှ Pre-Positioned အဖြစ် လှူဒါန်းထားသော ဆန်တန်ချိန် (၁၀၀) ထဲမှ အိတ်ရေ (၂၀၀၀) အား မကွေးတိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်စင်တာများသို့ ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

ဆန်တန်ချိန် (၆၀၀) အား စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ ချင်း၊ ကရင်၊ ကယား၊ ကချင်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀)ခုရှိ ပြည်သူများအတွက် ကိုရီးယားနိုင်ငံမှ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့မှုများထဲမှ မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်း တန် (၁၀၀) ၊ တစ်အိတ်လျင် 40 Kg အလေးချိန်ရှိသည့် အိတ်ရေ (၂၅၀၀) ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
 
ဆန်များကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ဂိုထောင်မှ ဒီဇင်ဘာ (၄) ရက် နေ့တွင် သယ်လာခဲ့ပြီး ဒီဇင်ဘာ (၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးရုံးသို့ ရောက်ရှိလာကြောင်း ၊ Quarantine ဝင်နေသော လူဦးရေ ပေါ်မူတည်၍ ခွဲဝေထောက်ပံ့ရန် ဒီဇင်ဘာ (၁၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစည်းအဝေးထိုင်၍ ဆုံးဖြတ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
 
" မနေ့က ဒီဇင်ဘာ (၂၁) ရက်နေ့မှစပြီး ဖြန့်ဝေပေးနေတာပါ။ မြို့နယ် (၆) ခု ကတော့ လာသယ်သွားပါပြီ '' ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးစိုးသိန်းက ပြောသည်။တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ မကွေး ၊ မင်းဘူး ၊ အောင်လံ ၊ ပခုက္ကူ နှင့် ဂန့်ဂေါမြို့နယ်များအတွက် ဆန်အိတ်(၁၂၀)စီ၊ တောင်တွင်း နှင့် မြို့သစ်မြို့နယ် များအတွက် ဆန်အိတ်(၁၀၀)စီ ၊ နတ်မောက် ၊ ပွင့်ဖြူ ၊ စလင်း ၊ သရက် ၊ မင်းလှ ၊ဆင်ပေါင်ဝဲ ၊ ရေစကြို ၊ မြိုင် ၊ ပေါက် နှင့် ဆိပ်ဖြူမြို့နယ် များအတွက် ဆန်အိတ် (၈၀)စီ ၊ ငဖဲ၊ စေတုတ္တရာ ၊ ကံမ ၊ မင်းတုန်း ၊ ထီးလင်း နှင့် ဆောမြို့နယ်များ အတွက် ဆန်အိတ်(၄၀)စီ လတ်တလော ဖြန့်ဝေသွားမည်ဟု သိရသည်။
 
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၂၅) မြို့နယ်တွင် Quarantine စင်တာ (၅၀၀) ကျော်ရှိပြီး လတ်ရှိကန့်သတ်စောင့်ကြည့်ထားသူ ဦးရေ (၃၀၀၀) ဝန်းကျင် ရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းထံမှ သိရှိရသည်။
 
Read times
Rate this item
(0 votes)