Food & Livestock



ဆန်ဈေးနှုန်းတက်ခြင်းကြောင့် ဗီယက်နမ် ဆန်စပါးလုပ်ငန်းကဏ္ဍ အနှောင့်အယှက်ဖြစ်

ဆန်ဈေးနှုန်းတက်ခြင်းကြောင့် ဗီယက်နမ် ဆန်စပါးလုပ်ငန်းကဏ္ဍ အနှောင့်အယှက်ဖြစ်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

 

ပြီးခဲ့သည့် ဩဂုတ်လတွင် ပြည်ပသို့ ဆန်တင်ပို့မှုကို နိုင်ငံအချို့တို့က ကန့်သတ်ခဲ့ပြီးနောက် ဗီယက်နမ် ဆန်ဈေးသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၂၀ - ၆၆၀ အထိ အမြင့်ဆုံးသို့ တက်လာခဲ့သည်။

 

ဆန်ဈေးနှုန်းတက်ခြင်းသည် ဆန်စပါးလုပ်ငန်းကဏ္ဍကို အနှောင့်အယှက် ဖြစ်စေသည်။ ကုန်သည်များသည် ဈေးနှုန်းများ ထပ်တက်မှာ သေချာနေသဖြင့် စောင့်ဆိုင်းနေကြသည်။ သို့ဖြစ်ရာ ဆန်တင်ပို့သူများနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်များကို တဖက်သတ် ဖျက်သိမ်းကြသည်။ သို့ဖြစ်ရာ ဆန်တင်ပို့သူများ သင်္ဘောတင်ရန်အတွက် ဆန် အလုံအလောက် ဝယ်မရ ဖြစ်နေကြသည်ဟု ဗီယက်နမ် စားသောက်ကုန်အသင်း Vietnam Food Association (VFA)က သတင်း ထုတ်ပြန်သည်။

 

 စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတည်ပြုထားသော ဗီယက်နမ်ဆန်ကုန်သည် ၂၀၀ ရှိသည်။ ၎င်းတို့သည်  ချုပ်ဆိုထားသော ဆန်အရောင်းအဝယ် စာချုပ်များကို အစိုးရထံ ပုံမှန်တင်ပြရန် လိုအပ်သည်။ သို့သော် တိတိကျကကျ လိုက်နာဆောင်ရွက်ခြင်း မပြုကြချေ။ သို့ဖြစ်ရာ အာဏာပိုင်တို့က ဈေးကွက်ကို ထိန်းကျောင်းရန် လိုအပ်သည့် အချက်အလက်များ တိတိကျကျ မသိကြရဟု VFA က ပြောကြားသည်။

ဆန်တင်ပို့မှုကို ပိုမိုကောင်းမွန်စွာဖြင့် ကြီးကြပ်ကွပ်ကဲရန် အစိုးရအနေဖြင့် မူဝါဒများ ပိုမိုထုတ်ပြန်ရန် VFA က အဆိုပြုခဲ့သည်။ ကုန်သည်များ လက်ထဲ ရှိနေသည့် ဆန်စပါးလက်ကျန်များကိုလည်း တိတိကျကျ သတင်းပို့အောင် ကြပ်မတ်ပေးသင့်သည်။ ကုန်သည်များ တကျိတ်တည်းတဉာဏ်တည်း ဖြစ်နေခြင်းအစား သင့်တင့်သော ယှဉ်ပြိုင်မှု ရှိသင့်သည်ဟု VFA က အကြံပြုသည်။

 

ဆန် ကမ္ဘာ့အများဆုံးတင်ပို့သည့် အိန္ဒိယနိုင်ငံသည် ဇူလိုင်လကုန်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခြင်းကြောင့် ဗီယက်နမ်ဆန်ကို ပိုမိုစျေးကြီးသွားစေသည်။

ယမန်နှစ်ကဗီယက်နမ်သည်  အိန္ဒိယနှင့် ထိုင်းပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် ဆန်အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံ ဖြစ်သည်။

အစိုးရအချက်အလက်များအရ ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း ဆန် မတ်ထရစ်တန်ချိန် ၅ ဒသမ ၉ သန်းအထိ တင်ပို့ခဲ့သည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 07 September 2023 00:36
Rate this item
(0 votes)