Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နာမည်ကျော် စိန်တလုံးသရက်ကို ဆေးစိမ်မှုများ ယခုနှစ်ထပ်မံ ပြုလုပ်ပါက ဈေးကွက်ပျက်မည့် အလားအလာများ ရှိနေ

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်သော စိန်တလုံးသရက်ကို ပြီးခဲ့သည့်

ဈေးကွက်ဖွင့်ချိန်က အလုံးလိုက်ဆေးစိမ်ခြင်း၊ ဆေးတို့ရောင်းချခြင်းများရှိခဲ့ပြီး ယခုနှစ်တွင် ထပ်မံပြုလုပ်ပါက သရက်ဈေးကွက်ပျက်မည့် အလားအလာများ ရှိနေသည်ဟု ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပြီးခဲ့သည့်နှစ်က တန်ချိန် ၂၉ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်ကအတိုင်း တင်ပို့နိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

 

ယမန်နှစ် ဈေးကွက်ဖွင့်ချိန်က မရင့်မှည့်ဘဲတင်ပို့ခဲ့ပြီး ဆေးတို့သည့်အဆင့်ကို ကျော်လွန်ကာ ဆေးစိမ်သည်အထိ ပြုလုပ်ရောင်းချမှုများ ရှိခဲ့သည်ဟု ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဈေးကွက်သို့ အများဆုံး တင်ပို့လျက်ရှိသည့် စိန်တလုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ ရင်ကွဲတို့ဖြစ်ပြီး စိန်တလုံးသရက်မှာ မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်အဖြစ် နာမည်ကျော်ကြားပါတယ်။

 

စိန်တလုံးသရက်ကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ ဟံမြင့်မိုရ်၊ မိတ္ထီလာမြို့နယ်တို့မှ အများဆုံး ထွက်ရှိပြီး အရည်အသွေးမှာလည်း အကောင်းဆုံးဖြစ်ကြောင်း သိရပါတယ်။

 

ယမန်နှစ်က နယ်စပ်တွင် ဆေးစိမ်၍ တရုတ်ဈေးကွက်သို့ တင်ပို့ချိန်တွင် အပေါ်ယံရင့်မှည့်သော်လည်း အတွင်းပိုင်းစိမ်းနေသော စိန်တစ်လုံး သရက်သီးများ ချဉ်သည်ဟု အွန်လိုင်းဈေးကွက်တွင် ပျံ့နှံ့ကာ လူကြိုက်များမှု ကျဆင်းခဲ့ကြောင်းသိရပါတယ်။

 

ယခုနှစ်တွင် သရက်သီးကို မရင့်မှည့်မီ ခူးဆွတ်ခြင်း မပြုလုပ်ရန်အတွက် ခြံရှင်များကို အသိပညာပေးမှုများ လုပ်ဆောင်နေပြီး မတ် ၃ဝ ရက်မှစတင်ကာ ခြံများအရောက် ကွင်းဆင်းမှုများ ပြုလုပ်နေသည်ဟု စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုနှစ်ဈေးကွက်တွင်လည်း သရက်ခြံတစ်ခြံက ဖောက်ပြီး ဆေးစိမ်လျှင်လည်း ဈေးကွက်ကို များစွာထိခိုက် လာနိုင်သည့် အခြေအနေ ဖြစ်လာမည်ဟုလည်း ပြောကြားခဲ့ပါတယ်။

 

စိန်တစ်လုံး ဈေးကွက်ပျက်သည်နှင့် အခြားသရက်မျိုးများ၏ ဈေးကွက်လည်း ပျက်စီးသွားမည်ဖြစ်ပြီး သရက်အိတ်စ်ပို့၏ ၉၉ ရာခိုင်နှုန်းသည် တရုတ်ဈေးကွက်က အဓိကဖြစ်ကာ စင်ကာပူနှင့် ထိုင်ဝမ်ဈေးကွက်မှာ အနည်းငယ် သာရှိသည်ဟု ပြောကြားချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:33
Rate this item
(1 Vote)