Food & Livestock



ဘဏ်ကိစ္စ မပြေလည်သဖြင့် ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ကန့်ကွက်

ဘဏ်ကိစ္စ မပြေလည်သဖြင့် ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ကန့်ကွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယူကရိန်းမှ ဂျုံအပါအဝင် နှံစားသီးနှံများကို ပင်လယ်ရေကြောင်းဖြင့် ပင်လယ်နက်ကို ဖြတ်သန်းပြီး ပို့ဆောင်ခြင်းကို ခွင့်ပြုထားသည့် သဘောတူညီချက်ကို သက်တမ်းတိုးပေးထားရာ၌ လာမည့် ဇူလိုင် ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

 .

ပင်လယ်နက် ကောက်နှံ သဘောတူညီချက် သက်တမ်း ထပ်တိုးမပေးတော့သည့် အဖြစ်ကို  ရှောင်ရှားရန် ကမ္ဘာ့ SWIFT ငွေပေးချေမှုစနစ်သို့ ရုရှားမှ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကို ပြန်လည်ချိတ်ဆက်ရန် ရုရှားက ထပ်မံတောင်းဆိုထားပါသည်။ အခြားနည်းလမ်းများ အဆိုပြုထားသည်ကို လက်မခံဘဲ ပယ်ချခဲ့ပါသည်။

.

ဘဏ်ကိစ္စ အပါအဝင် ၎င်း၏ အဓိက တောင်းဆိုချက်များ တစ်ခုမှ တိုးတက်မှု မရှိကြောင်း ရုရှားက ပြောကြားခဲ့သည်။

.

ရုရှား၏ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ် Rosselkhozbank ကို SWIFT နှင့် ချိတ်ဆက်နိုင်သည့် လုပ်ငန်းခွဲတစ်ခု တည်ထောင်ခွင့်ပြုရန် အဆိုပြုချက်ကို ဥရောပသမဂ္ဂက စဉ်းစားနေကြောင်း Financial Times က သတင်း ဖော်ပြခဲ့သည်။

သို့သော် ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အမျိူသမီး Maria Zakharova က ၎င်းအဆိုပြုချက်ကို ပယ်ချခဲ့ပါသည်။ " အလုပ် မဖြစ်နိုင်သည်ကို တမင်လုပ်ကိုင်ခြင်း" ဟု သူမက ဝေဖန်ပါသည်။ ထိုသို့သောယူနစ်တစ်ခု ထူထောင်ရန် လများစွာ ကြာမြင့်မည်ဖြစ်ပြီး ထူထောင်ပြီးသည့်နောက်တွင်  SWIFT သို့ချိတ်ဆက်ရန် နောက်ထပ်သုံးလကြာမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

"SWIFT အတွက် အမှန်တကယ် အစားထိုးစရာ မရှိပါဘူး၊ မဖြစ်နိုင်ပါဘူး"ဟု Zakharova က ပြောသည်။

.

ရုရှားမှ ဘဏ်၏ SWIFT သုံးစွဲခွင့်ကို ဖြတ်တောက်ခြင်းသည် ရုရှားမှ စားသောက်ကုန်နှင့် ဓာတ်မြေဩဇာ တင်ပို့မှု ရင်ဆိုင်နေရသော အတားအဆီးများထဲမှ တစ်ခုဖြစ်သည်ဟု ရုရှားက ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်များကို မဖြေရှင်းပါက ပင်လယ်နက်သဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးနိုင်မည်မဟုတ်ဟု ရုရှားက ပြောကြားသည်။

.

ယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းသုံးခုမှ တိုက်ကြီးသုံးတိုက်ရှိ နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ စားနပ်ရိက္ခာ မက်ထရစ်တန် ၃၂ သန်းကျော် တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ပင်လယ်နက် ကောက်နှံ သဘောတူညီချက်နှင့် ရုရှား ဂျုံနှင့် ဓာတ်မြေဩဇာများ တင်ပို့ခြင်းသည် "ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုအတွက် အသက်သွေးကြော" ဟု  ကုလသမဂ္ဂက ဆိုပါသည်။

၎င်းကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ရပ်တန့်ခြင်းသည် အဆင်းရဲဆုံးနိုင်ငံများတွင် စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး ကမ္ဘာ့စားသောက်ကုန်စျေးနှုန်းများ ပိုမိုမြင့်မားလာစေနိုင်သည်။

.

ရုရှားသည် အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်ရန် ယခင်က ခြိမ်းခြောက်မှုများ ပြောဆိုခဲ့သော်လည်း သက်တမ်းအကြိမ်ကြိမ် တိုးပေးခဲ့သည်။ ယခုတကြိမ်တွင် အတင်းမာဆုံး ဖြစ်လာသည်။

.

 ဇူလိုင် ၁၇ ရက်ထက် ကျော်လွန်၍ သဘောတူညီချက်ကို သက်တမ်းတိုးရန် အကြောင်းပြချက်မရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ပင်လယ်နက် ကောက်နှံ သဘောတူညီချက်တွင်ပါ၀င်သော သင်္ဘောအားလုံး ဇူလိုင် ၁၇ ရက်မတိုင်မီ ပင်လယ်နက်မှ ထွက်ခွာရန် ရုရှားသည်  လိုအပ်သည့် အရာအားလုံးကို လုပ်ဆောင်‌နေသည်ဟု ပြောကြားသည်။

ပင်လယ်နက် ကောက်နှံ  သဘောတူညီချက်အရ တင်ပို့သည့် ယူကရိန်း ဂျုံအပါအဝင် နှံစားသီးနှံများသည် ရိက္ခာဖူလုံကြွယ်ဝနေသည့် နိုင်ငံများသို့ အများဆုံး ရောက်ရှိနေပြီး  အလိုအပ်ဆုံး နိုင်ငံများသို့ အနည်းအကျဉ်းသာ ရောက်ရှိသည်ဟု ရုရှားက ထောက်ပြသည်။

အဆင်းရဲဆုံးနိုင်ငံ ငါးနိုင်ငံဖြစ်သည့် အီသီယိုးပီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ဆူဒန်နှင့် ဆိုမာလီယာတို့ထံ ယူကရိန်း နှံစားသီးနှံ တင်ပို့မှု၏ ၂ ဒသမ ၆ ရာခိုင်နှုန်းသာ ရောက်ရှိခဲ့သည်။

ရုရှား ကောက်နှံနှင့် ဓာတ်မြေဩဇာ တင်ပို့မှု အခြေအနေသည် ဆက်လက်ဆိုးရွားနေခဲ့သည်ဟု ရုရှားက ပြောကြားသည်။

.

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme WFP သည် ပင်လယ်နက်သဘောတူညီချက်အရ ဂျုံတန်ချိန် ၇၀၀,၀၀၀ ကျော်ကို ၎င်းနိုင်ငံများတွင် ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝယ်ယူခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။

သို့သော် လူနေမှုစရိတ်အကျပ်အတည်း နောက်ခံရှိနေသည့်  ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ တောင်သူလယ်သမားများသည် မြေဩဇာ အကျပ်အတည်းကို လက်တွေ့ ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ကုလသမဂ္ဂက အသိအမှတ်ပြုသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 06 July 2023 11:28
Rate this item
(0 votes)