Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက ပဲအ၀ယ်ကန့်သတ်မှု အနည်းငယ် ဖြေလျှော့ပေးသဖြင့် ပဲဈေးနှုန်း ပြန်လည်မြင့်တက်လာ

အိန္ဒိယက ပဲအ၀ယ်ကန့်သတ်မှု အနည်းငယ် ဖြေလျှော့ပေးသဖြင့် ပဲဈေးနှုန်း ပြန်လည်မြင့်တက်လာ google.com

အိန္ဒိယကပဲအ၀ယ်ကန့် သတ်မှုကို အနည်းငယ်ဖြေလျှော့ ပေးသဖြင့် ပဲစင်းငုံနှင့်

မတ်ပဲဈေး ပြန်လည် မြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌဦးချွန်က ပြောသည်။

 

‘‘ပဲဈေးနှုန်းက ဒီရက်ပိုင်း နည်းနည်းလေးပြန်ပြီးမာလာပါ တယ်။ အိန္ဒိယဘက်က နည်းနည်းလေး ဖြေလျှော့ပေးလိုက်တာလည်းပါသလို နဂိုကဈေးနှုန်းကလည်း အနိမ့်ဆုံးအထိ ရောက်သွားခဲ့တာလည်း ပါတာပေါ့’’ ဟု ဦးချွန်က ပြောသည်။

 

လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ အိန္ဒိယသို့ အဓိကတင်ပို့ နေသော ပဲစင်းငုံနှင့် မတ်ပဲနှစ်မျိုး စလုံးသည် သုံးတင်းတစ်အိတ် လျှင် ကျပ် ၄,၀၀၀ ခန့်စီ ဈေးပြန်တက်လာပြီး ပဲစင်းငုံသုံးတင်း တစ်အိတ်လျှင် ကျပ် ၄၁,၀၀၀ ခန့် နှင့် မတ်ပဲသုံးတင်းတစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ ခန့်ဈေးရှိကြောင်း ၎င်းကပြောသည်။ အနည်းငယ် ဈေးတက်လာသလို အရောင်းအ ၀ယ်လည်း အတန်အသင့်ပြန်ဖြစ်လာကြောင်း ဦးချွန်က ဆိုသည်။

 

‘‘နဂိုက အရောင်းအ၀ယ် လုပ်ဖို့ စာချုပ်ချုပ်ထားပြီးသား ပဲ တွေရယ်၊ သူတို့ဆီကို တင်ပို့ဖို့ အတွက် အကုန်ပြင်ဆင်ထားပြီး တဲ့ပဲတွေကိုတော့ ၀ယ်ယူပေး သွားမယ်ဆိုပြီး အိန္ဒိယဘက်က ဖြေလျှော့ပေးလိုက်တဲ့အတွက်အခုလို ပြန်လည်မြင့်တက်လာ တာဖြစ်ပါတယ်’’ ဟု ဦးချွန်က ဆက်လက် ပြောကြားသည်။

 

Source: 7 Days New

Read 9325 times Last modified on Tuesday, 18 September 2018 15:30
Rate this item
(1 Vote)