Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နာမည်ကြော်စားဖိုမှုးကြီး Gordon Ramsay အကြောင်းသိကောင်းစရာ

အနောက်တိုင်းရဲ့ ဟင်းချက်ပြိုင်ပွဲတွေမှာ နှုတ်ခမ်းထော်ထော်နှင့် ပြိုင်ပွဲဝင်များကို ဝေဖန်ပေးလေ့ရှိသောနာမည်ကြီး စားဖိုမှုးကြီးတစ်ဦးကို သင်တို့သတိထားမိမှာပါ သူဟာ ပြိုင်ပွဲဝင်များကို ပွင့်လင်းစွာဝေဖန်တတ်သူဖြစ်ပြီစည်းစနစ်ကြီးသူတစ်ဦးပါ။

 

သူရဲ့နာမည်အရင်းမှာ Gordon James Ramsay ဖြစ်ပီး Gordon ကို ၁၉၆၆ နိုဝင်ဘာ ၈ တွင်မွေးဖွားခဲ့ပါသည်။သူက ဗြိတိန်ရဲ့နာမည်ကျော် စားဖိုမှူးတစ်ဦးဖြစ်သည့်အပြင်၊ စားသောက်ဆိုင်ပိုင်ရှင်၊ ဟင်းချက်နည်းများရေးသားသော စာရေးဆရာနှင့်ဟင်းချက် ရုပ်သံ ရိုက်ကူးသူတစ်ဦးဖြစ်သည်။

 

သူသည် စကော့တလန်နိုင်ငံ Johnstone တွင်မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံ Stratford-upon-Avon မြို့တွင်ကြီးပြင်းခဲ့သည် ။ သူ၏စားသောက်ဆိုင်များ ကိုစုစုပေါင်း Michelin ကြယ် ၁၆ လုံး ချီးမြှင့် ခံခဲ့ရပြီးလက်ရှိတွင်စုစုပေါင်းကြယ်ခုနစ်ခုထပ်မံရရှိထားသည်။

 

၁၉၉၈ မှာသူဟာ စားဖိုမှုးခြေစုံဝင်ရောက်လာခဲ့သူဖြစ်ပြီး Ramsay က ၂၀၀၁ ခုနစ်မှာ အစားအသောက်ရုပ်သံမှာပါဝင်ခဲ့ကတည်းက Ramsay က ၂၀၀၄ ခုနှစ်မှာ ဗြိတိန်ရဲ့ လူသိအများဆုံးနှင့် ဩဇာ အရှိဆုံးသူပင်ဖြစ်တယ်။သူက သူ့လက်ထွက် တပည့်တွေ ကို ဆရာစားမချန် သင်ကြားပေးသူပင်ဖြစ်ပြီး ထို့အပြင် မီးတောက် မီးလျှံ များ နှင့် ချက်ပြုတ်တတ်သူသာမက စားသုံးသူအားစိတ်ကျေနပ်အောင် ဆောင်ရွက်ပေးနိုင်သူပင်ဖြစ်သည်။

 

Ramsay ရဲ့ နာမည်ကြီး တီဗီရုပ်သံများမှာ - Hell's Kitchen, The F Word, Ramsay's Kitchen Nightmares စတာတွေပဲဖြစ်ပါတယ်။၂၀၀၅ ခုနှစ်ရဲ့ British Academy Television Awards မှာ Best Feature ဆုရရှိခဲ့ပါတယ်။သည့်အပြင်အမေရိကန် versions ဖြစ်သော Hell's Kitchen, Kitchen Nightmares, MasterChef, MasterChef Juniorနှင့် Hotel Hell တို့ကိုပါသူရိုက်ကူးခဲ့ပါတယ်။

 

၂၀၂၀ တွင် Ramsay ရဲ့ ဝင်ငွေမှာတစ်နှစ်စာကို သန်း ၇၀ ရှိပြီး တစ်ကမ္ဘာလုံးမှာ ဝင်ငွေ အကောင်းဆုံး ၁၉ ယောက်မြောက် လွမ်းမိုး သူအဖြစ် Forbes မှမှတ်တမ်းတင်ထားတာတွေ့ရပါတယ်။

Read times
Rate this item
(0 votes)