Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဈေးကွက်တွင် နနွင်းဝယ်လိုအား ကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ

ကရင်ပြည်နယ် လိပ်သိုမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများမှ ထွက်ရှိသော   နနွင်းတက်များကို ယခုအခါ တရုတ်ဈေးကွက်သို့ အပတ်စဉ် ပိဿာချိန်   နှစ်သောင်းခန့် တင်ပို့နေရသောကြောင့်  စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

 

တောင်ပေါ်ဒေသများ၌ နနွင်းတက်များအား  နှစ်စဉ်တန်ခူးလနှင့် ကဆုန်လတို့တွင် စတင်စိုက်ပျိုးကြပြီး တန်ဆောင်မုန်းလနှင့် နတ်တော်လတို့တွင် စတင်တူးယူ ရောင်းချကြခြင်းဖြစ်ကြောင်း ဆင်ဂွေကျေးရွာရှိ နနွင်းတက်အဝယ်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

''ကျွန်တော်တို့ဝယ်တော့ တောင်ပေါ်တက်ဝယ်ရတာ လိပ်သိုမြို့နယ်ထဲမှာ ရှိတဲ့ရွာတွေအားလုံး စိုက်ကြတယ်။ နနွင်းတက်ကို အစိုရောင်းတာလည်း ရှိတယ်။  အခြောက်လှန်းပြီး  လာရောင်းတာလည်း ရှိတယ်။

Read More >>>>> SP Bakery ၏ "သတ္တမမြောက် ဆိုင်ခွဲသစ်" ဖွင့်လှစ်ခြင်း

 

အစိုဆိုရင်တော့  တစ်ပိဿာကို ငွေကျပ် ၃၅ဝ၊ အခြောက်ဆိုရင်တော့ ငွေကျပ် ၂၅ဝဝ ဈေးပေါက်တယ်။  

 

ဒီကိုရောက်လာတဲ့ နနွင်းတက်အစိုအိတ်တွေကိုတော့ နေ့စား  ၁၅  ယောက်လောက် ငှားပြီး ရေနွေးနဲ့ပြုတ်၊ နာရီဝက်လောက်နေ ပြန်ဆယ် အခြောက်လှန်း လုပ်ရတယ်''  ဟု လုပ်ငန်း လုပ်ကိုင်သူ  ဦးရွှေ ကပြောသည်။

 

ဒေသမှထွက်ရှိသည့် နနွင်းတက်ခြောက်များကို ရွှေလီမြို့ရှိ အဝယ်ဒိုင်များမှ တိုက်ရိုက် လာရောက် ဝယ်ယူခြင်းဖြစ်ပြီး တစ်ပတ်တစ်ခါ တောင်ငူနှင့်  ရေတာရှည်မြို့တို့မှ နနွင်းတက်ပိဿာချိန် နှစ်သောင်းခန့် ဝယ်ယူလျက် ရှိကြောင်း   သိရသည်။

 

Source: Myawaddy

Read times Last modified on Monday, 18 March 2019 16:45
Rate this item
(1 Vote)