Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေပြည်တော်တွင် အဆင့်မြင့် နွားပွဲဈေးအသစ် တည်ဆောက်မည်

လက်ရှိအသုံးပြုလျက် ရှိသော နွားပွဲဈေး (သာဝတ္ထိ)မှာ မြေနေရာကျဉ်းခြင်း၊ ရပ်ကွက်နှင့် နီးစပ်ခြင်း၊ အနံ့အသက်ဆိုးများ ထွက်ရှိခြင်းတို့ကြောင့်

အဆင့်မြင့်နွားပွဲဈေးအတွက် ဈေးသစ်တည်ဆောက်ရေးအတွက် တင်ဒါများ ခေါ်ယူထားပြီး ဖြစ်ရာ ဈေးနှုန်းများ တွက်ချက်တင်သွင်းရမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

 

နေပြည်တော် နွားပွဲဈေး စည်းကမ်းများ

နွားပွဲဈေးကို ဈေးဖွင့်သည့် ရက်များတွင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သည်။
နွားပွဲဈေး အနီးတစ်ဝိုက် ကျွဲနွားဝက် ရောင်းဝယ်ခြင်း မပြုရ။ ဈေးအတွင်းမှာသာ ပြုလုပ်ရမည်။
ဝင်ကြေးမှာ ကျွဲနွားတစ်ကောင်လျှင် ကျပ် ၅၀၀၊ဆိတ်သိုးဝက် တစ်ကောင် ကျပ် ၂၀၀၊ ဝင်ကြေးအတွက် ပြေစာဖြတ်ပိုင်း ထုတ်ပေးရမည်။
ပွဲစား စေ့စပ်ပြောဆိုသူ(ကိုယ်စားလှယ်)သည် မှတ်ပုံတင်ရမည်။ လိုင်စင်ခမှာ တစ်နှစ် ကျပ် တစ်သောင်း ဖြစ်သည်။
နွားပွဲဈေးတွင် ကျွဲနွား ရောင်းဝယ်ခြင်းဦ အလဲအထပ်ပြုခြင်း ဖြစ်မြောက်လျှင် မှတ်ပုံတင်ခ ပေးဆောင်ရမည်။
ကျွဲနွားတစ်ကောင် ကျပ် ၃,၀၀၀ ဝယ်သူ ရောင်းသူက ပေးဆောင်ရမည်။
ဆိတ်သိုးဝက် ကျပ် ၅၀၀ ဝယ်သူကသာ ပေးဆောင်ရမည်။
(အပြည့်အစုံကို နောက်ဆုံးတွင် သီးခြားဖော်ပြပေးထားပါသည်)

 

အဆင့်မြင့် နွားပွဲဈေး(သာဝတ္ထိ)
အသစ်တည်ဆောက်မည့် အဆင့်မြင့် နွားပွဲဈေး(သာဝတ္ထိ)မှာ သာဝတ္ထိမြို့နယ်၊ အုတ်စက်ရုံ (ပန်းတင်)အနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် တည်ရှိပြီး မြေဧရိယာ (၅.၄) ဧက ကျယ်ဝန်းမည်ဖြစ်ကာ ပြသရောင်းချမည့် တိရစ္ဆာန်များအတွက် အခန်းများခွဲ၍ ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၌ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက် တိရစ္ဆာန်များကို ရောင်းဝယ်နိုင်မည့် ပထမဦးဆုံး ဈေးသစ်တစ်ခု တည်ဆောက်ရန် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်လျက်ရှိကြောင်းနှင့် တင်ဒါခေါ်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင် ဒေါ်စံပယ်ထွေးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“တင်ဒါလုပ်ငန်းတွေပြီးတာနဲ့ ဒီအဆင့်မြင့် နွားပွဲဈေးတည်ဆောက်ရေးကို ဆက်လုပ်သွားပါမယ်၊ လက်ရှိ နွားပွဲဈေးတွေက မြေဧရိယာလည်းကျဉ်း၊ လမ်းပေါ်မှာလည်း နွားတွေက ပြန့်ကျဲပြီး စနစ်မကျတော့ COVID-19 ကာကွယ် ကုသ ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေအရ ကျန်းမာရေးနဲ့ ညီညွတ်အောင် မဆောင်ရွက်နိုင်ဘူး၊ ဒါကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီမယ့် ပိုပြီး စနစ်ကျတဲ့ နွားပွဲဈေးအသစ် တည်ဆောက်ဖို့ စီစဉ်ရတာပါ” ဟု သူမက ရှင်းလင်း ဖြေကြားခဲ့သည်။

နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၊ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေးရှိ မြေဧရိယာ ၅ ဒသမ ၄ ဧက ပေါ်တွင် ဈေးဆိုင်ခန်းများ၊ လူအများ နားနေဆောင်၊ တိရစ္ဆာန် အသီးသီး နားနေဆောင်နှင့် ချည်တိုင်ကွင်းများ၊ အများသုံး သန့်စင်ခန်းများ၊ အုပ်ချုပ်မှု ရုံးများ၊ တိရစ္ဆာန် အညစ်အကြေးစွန့်ကန်များ၊ ရေမီးစနစ်များ စသည်ဖြင့် ပြည်စုံအောင် ထည့်သွင်းတည်ဆောက်သွားမည့် အဆိုပါ ဈေးသစ်တည်ဆောက်ရေးအတွက် တင်ဒါများ ခေါ်ယူထားပြီး ဖြစ်ရာ ဈေးနှုန်းများ တွက်ချက်တင်သွင်းရမည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တင်ဒါအောင်စာရင်း ကြေညာပြီးသည်နှင့် စာချုပ်ချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဆောက်လုပ်မည် ဖြစ်ပြီး စီမံကိန်းကာလမှာ တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ နွားပွဲဈေးကွက်အချို့တွင် ခိုင်းနွားတစ်ကောင်လျှင် ကျပ် ၁၀ သိန်းခွဲခန့်မှ ၁၅ သိန်း အထိ၊ ကျွဲပေါက်(ကျွဲငယ်) တစ်ကောင်လျှင် ကျပ်ခုနစ်သိန်းမှ ၁၀ သိန်းခန့်အထိ၊ ဆိတ်တစ်ကောင်လျှင် ကျပ် တစ်သိန်းခွဲခန့်အထိ ပေါက်ဈေးရှိကြောင်း နွားပွဲဈေးကွက် ပွဲစား တောင်သူကြီးများထံမှ သိရသည်။

Foodindustrydirectory.com.mm

နေပြည်တော် နွားပွဲဈေး စည်းကမ်းများပြဌာန်းစာ
 

 

Read times Last modified on Friday, 25 December 2020 20:31
Rate this item
(0 votes)