Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ပါမစ်အချို့ ရပ်ဆိုင်းထား

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ပါမစ်အချို့ ရပ်ဆိုင်းထား

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U


ကမ္ဘာ့ထိပ်တန်း စားအုန်းဆီတင်ပို့သည့် အင်ဒိုနီးရှားသည် “ပြည်တွင်းဈေးကွက်တာဝန်ဝတ္တရား”Domestic Market Obligation” (DMO) ဟုခေါ်သည့် မူဝါဒအရ စားအုန်းဆီကုမ္ပဏီများအား ပြည်တွင်းဈေးကွက်သို့ ရောင်းချသည့် စားအုန်းဆီပမာဏ၏ အချိုးကျ ပမာဏဖြင့် ပြည်ပပို့ကုန် ခွဲတမ်းများ ထုတ်ပေးပါသည်။

လာမည့်အစ္စလာမ့်ပွဲတော်များမတိုင်မီ ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် ပြည်တွင်းထောက်ပံ့မှု လုံလုံလောက်လောက် ရရှိစေရန် စားအုန်းဆီတင်ပို့ခွင့်ပါမစ်အချို့ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအဖွဲ့ဝန်ကြီး Luhut Pandjaitan က ၎င်း၏တရားဝင် Instagram အကောင့်တွင် ပြောကြားခဲ့သည်။

စားအုန်းဆီတင်ပို့ရောင်းချသူများသည် ယမန်နှစ်က ကြီးမားသော တင်ပို့မှုခွဲတမ်းများ စုဆောင်းရရှိခဲ့သဖြင့် ယခုအခါ ပြည်တွင်းဈေးကွက်ကို ရောင်းချရန် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိကြောင်း ၎င်းက ပြောသည်။

“ပြည်တွင်းဈေးကွက်တာဝန်ဝတ္တရား” (DMO) အချိုးသတ်မှတ်ချက်မှာ ၆:၁ ဖြစ်သည်။ ပြည်တွင်း ရောင်းချခဲ့သည့် ပမာဏ၏ ၆ ဆ ကို ပြည်ပသို့ တင်ပို့ရန် ပို့ကုန်ခွဲတမ်း ရရှိသည်။

Luhut က "ပို့ကုန်လုပ်ငန်းရှင်များ အ‌နေဖြင့် အခြေအနေ ငြိမ်သက်ပြီးနောက် ၎င်းပို့ကုန်ခွဲတမ်း
အခွင့်အရေးများကိုအသုံးပြုနိုင်သည်" ဟု အသိပေးထားသည်။

 

K S PPE Supplier Co

 

ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ Firman Hidayat က လက်ရှိ ပေးပြီးသား ပို့ကုန်ခွဲတမ်းများ၏ သုံးပုံတစ်ပုံခန့်ကို ယခု အသုံးပြုနိုင်ပြီး ကျန်သည်တို့ကို မေလ ၁ ရက်နေ့ နောက်ပိုင်းတွင် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ဇန်နဝါရီလကုန်တွင် စားအုန်းဆီတင်ပို့သူများသည် ပို့ကုန်ပါမစ်တန်ချိန် ၅ ဒသမ ၉ သန်းခန့် လက်ထဲ ကိုင်ဆောင်ထားကြောင်း Firman မှ ပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များသည် ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချပေးခြင်းဖြင့် ၎င်းတို့၏ ခွဲတမ်းကို တိုးမြှင့်နိုင်သည်ဟု ၎င်းက ဆိုသည်။


ဈေးနှုန်းသက်သာသော ဟင်းချက်ဆီအထုပ်များသည် ဝယ်ယူရရှိရန် ခက်ခဲ‌ေနပြီး အစိုးရ ကန့်သတ်ဈေး တစ်လီတာလျှင် ၁၄၀၀၀ ရူပီယာနှုန်းထက် မြင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချခိုင်းကြောင်း လက်လီရောင်းချသူများက တိုင်ကြားထားသည်။

စားအုန်းဆီကုမ္ပဏီများသည် ယခင်က အကြမ်းဖျင်းအားဖြင့် တစ်လလျှင် တန်ချိန် ၃၀၀,၀၀၀ ကို ပြည်တွင်း ဈေးကွက်ထဲသို့ ရောင်းချကြရသည်။ ယလု ဧပြီလအထိ တစ်လလျှင် တန်ချိန် ၄၅၀,၀၀၀ သို့ တိုးမြှင့်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားသည်။

အစ္စလမ်ဘာသာဝင်များ၏ ရမ်ဇာန်လနှင့် Eid al-Fitr ပွဲတော်မတိုင်မီ အစားအသောက်စျေးနှုန်းများသည် ပုံမှန်အားဖြင့် မြင့်တက်လေ့ရှိသည်။ ယခုနှစ်တွင် ဧပြီလမှာ ကျရောက်မည်။

 

Source Reuters

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 21 February 2023 10:39
Rate this item
(0 votes)