Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန်အတွက် မမြဆည်ရေလှောင်တမံမှ ရေပေးဝေသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်နှင့်အင်္ဂပူ မြို့နယ်တို့ရှိ နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန်အတွက် မမြဆည်ရေလှောင်တမံမှ ရေပေးဝေသွားမည်။

 ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန်အတွက် ရေပေးဝေသွားမည်ဖြစ်ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်းထံမှ သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရန် မမြဆည်ရေလှောင်တမံမှ ရေလှောင်ပမာဏ (၇၁၄၀၀) ဧကပေ သိုလှောင်ထားရှိပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ရေပေးဝေမည်ဖြစ်ကြောင်း အင်္ဂပူမြို့နယ်နှင့်မြန်အောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမည့် ဆည်ရေသောက်ကျေးရွာများရှိ WUG အဖွဲ့များအား တွေ့ဆုံပြောကြားထားပြီးဖြစ်ကြောင်း၊ တောင်သူများ၏ တင်ပြတောင်းဆိုချက်အရ မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅) အုပ်စုတွင် နွေစပါး ဧက ၃၅၀၀ ၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၅) အုပ်စုတွင် နွေစပါး ဧက ၂၀၀၀ စိုက်ပျိုးနိုင်ရန် မမြဆည်ရေလှောင်တမံမှ ရေပေးဝေသွားမည်ဖြစ်ကြောင်းနှင့်‌ လက်ဝဲ လက်ယာမြောင်းမကြီးများအပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက်လက်တံခွဲမြောင်းများ ရေစီးရေလာကောင်မွန်ရေး ဆောင်ရွက်ထားရှိ‌‌ကြောင်း မမြဆည်မှ ဦးစီးအရာရှိထံမှ ဆက်လက်သိရှိရသည်။

 

MDN

Read times
Rate this item
(0 votes)