Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မျိုးသန့်စပါးများကို သက်ဆိုင်ရာမှ ဝယ်ယူသိုလှောင်သွားမည်

မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသော မျိုးသန့်စပါးများကို စပါးစိုက်ရာသီများတွင် မျိုးစပါးများအဖြစ် အသုံးပြုနိုင်စေရန် သက်ဆိုင်ရာမှ ဝယ်ယူသိုလှောင်သွားမည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော မျိုးသန့်စပါးများကို လာမည့် စပါးစိုက်ရာသီများတွင် မျိုးစပါးများအဖြစ် အသုံးပြု နိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စပါးစိုက်တောင်သူများ ပူးပေါင်းညှိနှိုင်းပြီး သက်ဆိုင်ရာမှ ဝယ်ယူသိုလှောင်သွား မည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး မျိုးသန့်စပါးထုတ်လုပ်မှုအစီအစဉ်(CERP)အရ ပြီးခဲ့သည့်မိုးရာသီတွင် ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး စသည့်စပါးမျိုးသန့်များ ဧက ၄၂၀ ခန့် စိုက်ပျိုးထားရှိပြီး ယခုစပါးရိတ်သိမ်းကာလတွင် စားစပါးအဖြစ် ရောင်းချခြင်းမပြုဘဲ လာမည့် စပါးစိုက်ရာသီများတွင် မျိုးစပါးများအဖြစ် အသုံးပြုနိုင်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းရှင် များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

CERP မျိုးသန့်စပါးများ စိုက်ပျိုးထားသော တောင်သူများအားလုံး အဆင်ပြေစေရန် သက်ဆိုင်ရာ အစိုးရဌာနများက သင့်တော်သောဈေးနှုန်းများ သတ်မှတ်ကာ သယ်ယူပို့ဆောင်ခများ ထပ်ဆောင်းပေးပြီး ထိုမျိုးသန့်စပါးများအား ဝယ်ယူသိုလှောင် ထိန်းသိမ်းထားရှိသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ကိုဗစ်ကာလအတွင်း မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်စေရန်နှင့် မျိုးသန့်စပါးများ ပိုမိုစိုက်ပျိုးထွက်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ မျိုးသန့်စပါးထုတ်လုပ်မှုအစီအစဉ်(CERP)အား စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

myotaw.news/

Read times
Rate this item
(0 votes)