Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒန့်ဒလွန်သီး ထုတ်ကုန်များ ဝယ်ယူရန် ကမ်းလှမ်းထားသည့် ဂျပန်ကုမ္ပဏီမှ ယခုလကုန်ပိုင်းတွင် အကြောင်းပြန်မည်

ပြည်တွင်းမှ ထွက်ရှိသည့် ဒန့်ဒလွန်သီး ထုတ်ကုန်များကို ဝယ်ယူရန် ဂျပန်ကုမ္ပဏီ တစ်ခုက ကမ်းလှမ်းခဲ့သည့် အတွက် နမူနာများ  တင်ပို့ထားရာ  ယခုလကုန်ပိုင်းတွင် အကြောင်းပြန်မည်ဖြစ်ကြောင်း

မြန်မာနိုင်ငံ ဒန့်ဒလွန်နှင့် ရဲယိုသီး  စိုက်ပျိုးထုတ်လုပ်  တင်ပို့ ရောင်းချသူများ အစုအဖွဲ့   ဥက္ကဋ္ဌ ဦးမြင့်ကို၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ ဂျပန်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဒန့်သလွန်သီး ထုတ်ကုန်များကို ဝယ်ယူရန် နမူနာစမ်းသပ်ပြီး ဝယ်ယူမည့် တန်ချိန်ပမာဏနှင့်  ဈေးနှုန်းများကို  ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

''ဂျပန်နိုင်ငံကို  နမူနာပို့ထားတာ  ဒီလကုန်ပိုင်းလောက်ဆိုရင် ဝယ်မယ်၊  မဝယ်ဘူး သိရမှာပါ။ ဂျပန်နိုင်ငံအပြင် မလေးရှားနဲ့ တရုတ်(တိုင်ပေ)ကလည်း စိတ်ဝင်စားမှု ရှိပါတယ်။ အခု ပြည်ပဈးကွက်တွေ ကောင်းပေမယ့်   ပြည်တွင်း ထုတ်လုပ်တာကလည်း အခုမှ   အစပဲရှိသေးတော့  ဈေးကွက် အလားအလာကလည်း ကောင်းပါတယ်''ဟု ဦးမြင့်ကို ကပြောသည်။

 

ထို့ပြင် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်    နိုင်ငံတကာ အရည်အသွေး   စံချိန်စံညွှန်းမီအောင်  ကြိုးစားရမည်ဖြစ်ကြောင်း  သိရသည်။

 


Source: Myawaddy

Read times Last modified on Wednesday, 24 April 2019 16:26
Rate this item
(1 Vote)