Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်ပြည်နယ်တွင် ကွမ်းရွက်ဈေး မြင့်တက်၍ ရောင်းဝယ်သူများ အခက်အခဲရှိ

ရခိုင်ပြည်နယ်တွင် ကွမ်းရွက်ဈေးမြင့်တက်နေသောကြောင့် ကွမ်းရွက်ရောင်းဝယ်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရပါတယ်။

 

ယခင်က ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ခန့်ရှိရာမှ ယခုအခါ ငွေကျပ် ၁၃၀၀၀ ထိပေး၍ ၀ယ်ယူနေရကြောင်း ကွမ်းရွက်ရောင်းဝယ်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

အရင်နှစ်တွေကဆိုရင် ကွမ်းတစ်ပိဿာကို ၅၀၀၀ ကျပ်ပဲပေးရပြီး မုန်တိုင်းကျတဲ့နှစ်မှာတော့ ကွမ်းဈေးတအား တက်ခဲ့ကြောင်း သိရပါတယ်။ သို့ပေမယ့်လည်း ဒီလောက်ထိတော့ မတက်ခဲ့ဘူး၊ ယခုတွင်တော့ ကွမ်းတစ်ပိဿာကို ၁၃၀၀၀ ကျပ်အထိ တက်ခဲ့ပြီး ယခင်တစ်ပတ်ကတော့ တစ်ပိဿာ ၁၅၀၀၀ ထိ တက်ခဲ့ ကြောင်း သိရပါတယ်။

 

ပြည်ရောင်းသူရော ၀ယ်သူတွေပါ အခက်အခဲရှိခဲ့ကြောင်း သိရပါတယ်။ ကွမ်းရွက်က ၀ယ်လိုအားများနေပြီး ကွမ်းထွက်တာနည်းတော့ ကွမ်းဈေးတွေက မြင့်တက်လာကြောင်း သိရပါတယ်။ ကွမ်းရွက်ကို ဘူးသီးတောင်၊ မောင်တောမြို့နယ်ကလူတွေက ၀ယ်ယူကြတာများပါတယ်။

 

ရခိုင်ပြည်နယ်က ကွမ်းရွက်ရောင်းဝယ်သူများပြားသည့် ပြည်နယ်တစ်ခုဖြစ်ပြီး မြို့နယ်အများအပြားတွင် ကွမ်းရွက်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်ကြသော်လည်း အဓိက ပုဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ တွင် ကွမ်းရွက်ကို အများဆုံး စိုက်ပျိုးကြကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:19
Rate this item
(0 votes)