Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးကျ၍ တောင်သူအများစု ထုတ်မရောင်းဟုဆို

ဆောင်းကြက်သွန်ဥများ ဧပြီလဆန်းကပင် စတင်ထွက်ရှိ နေပြီဖြစ်သော်လည်း ကြက်သွန် ဈေးကျ၍

ထုတ်မရောင်းသေးဘဲ ဈေးအတက်စောင့်နေကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။

 

လက်ရှိတွင် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဒိုင် ပေါက်ဈေးသည် အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် အ နည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၁,၂၀၀ အထိပေါက်ဈေးရှိသော်လည်း တောင်သူများထံ ကြက်သွန်ဝယ် ဈေးအမြင့်ဆုံးဈေးသည်ကျပ် ၇၅၀  ခန့်သာပေါက်ဈေးရှိကြောင်း တောင်သူများကပြောသည်။

 

‘‘ဈေးမကောင်းလို့ မရောင်း ကြသေးဘူး။ ငွေအသုံးလိုတဲ့သူ တွေအတွက်တော့ နည်းနည်းပါး ပါးထုတ်ရောင်းကြတယ်။ ဈေး ကောင်းတာကို စောင့်နေကြတာ’’ ဟု ကြက်သွန်စိုက်တောင်သူဦးဘ ရှိန်က ပြောသည်။

 

 ကြက်သွန်နီဈေးသည် ၂၀၁၈ နှစ်ဆန်းပိုင်းက အမြင့်ဆုံး ဈေးကျပ် ၃,၀၀၀ ဖြစ်ပြီး အနိမ့် ဆုံးဈေးကျပ် ၁,၈၀၀ ဖြစ်သည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးစာ ရင်းများတွင် ဖော်ပြထားသည်။

 

ကြက်သွန်ပွဲစားများ ၀ယ်ယူ သည့်ဈေးသည် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ အထိရှိမှသာတောင် သူများ အဆင်ပြေမည်ဖြစ် ကြောင်း ကြက်သွန်စိုက်တောင် သူများက ပြောသည်။

 

‘‘ပြည်တွင်းမှာ ကြက်သွန်နီ ပေါ်နေပြီဆိုတော့ ပြည်ပက ကြက်သွန်တွေတော့ မသွင်းကြ တော့ဘူး။ ကြက်သွန်အသစ်ပေါ် ချိန်ဆိုတော့ ဈေးကတော့ထပ်ကျ ဦးမယ်လို့ထင်တယ်။ ဒါပေမဲ့ တစ် ပိဿာကျပ်သုံး၊ လေးရာလောက် အထိတော့ မကျပါဘူး’’ ဟု မြန် မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန် ဖြူနှင့် မီးဖိုချောင် သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အ သင်းဥက္ကဋ္ဌဦးခင်ဟန်က ပြော ကြားထားသည်။

 

‘‘ချေးငွေယူထားတဲ့ တောင် သူတွေကတော့ ကြာကြာလက်ထဲ မထားနိုင်ဘူး၊ ထုတ်ရောင်းလိုက် ကြရတယ်။ ထားလို့ ရသ၍ကတော့ ကြက်သွန်တွေထုတ် မရောင်းဘဲ လက်ထဲထားကြ တယ်။ ဈေးကောင်းမလား၊ တက် မလားမျှော်လင့်ချက်နဲ့ မရောင်း ကြသေးတာပါ’’ ဟု ကြက်သွန် စိုက်တောင်သူဦးဝင်းဦးက ပြော ကြားသည်။

 

ကြက်သွန်နီဈေးသည် ပြီးခဲ့ သည့်နှစ် စက်တင်ဘာက ဈေး မြင့်တက်ခဲ့ပြီး ကြက်သွန်နီတစ် ပိဿာလျှင် လက်လီအမြင့်ဆုံး ဈေးကျပ် ၅,၀၀၀ ပေါက်ဈေး အထိရှိခဲ့သည်။

 

လက်ရှိတွင် ကြက်သွန်နီအမြင့်ဆုံးပေါက်ဈေးသည် တစ်ပိဿာ ကျပ် ၁,၂၀၀ ဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:08
Rate this item
(1 Vote)